သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားခဲ့ပါတယ်

ဓားရှည် ကိုင်ဆောင်ပြီး ရမ်းကားနေသူကို ရဲကဖမ်းဆီးရာ ဓားနဲ့ ခုတ်လို့ သေနတ်နဲ့ ပစ်ခတ်ရာ သေဆုံး သွားခဲ့ တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေသိရပါတယ်။ ဖြစ်စဉ်ကတော့ စက်တင်ဘာ ၁၅ ရက်က ပျော်ဘွယ် မြို့နယ် ကုန်းသာအုပ်စု၊ ကုန်းသာ ကျေးရွာနေ ရဲအောင် (ခ) ကိုရဲဆိုသူမှာ ဓါးရှည် ၂ လက်ကိုင်ဆောင်ပြီး အနီးဝန်းကျင်နဲ့ ကျေးရွာတွေက လူတွေကို မူးယစ်ရမ်းကားနေခဲ့ကြောင်းသိရပါတယ်။



Photo Credit -Mandalay Police

 

အဲဒါကြောင့် ရွှေညောင်ဖူးနယ်မြေရဲစခန်းမှူး ဦးဆောင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ သွားရောက် ထိန်းသိမ်း ရာ ရဲအောင် (ခ) ကိုရဲက နေအိမ်ကနေထွက်လာပြီး ဓါးရှည် ၂ လက် အသင့်ကိုင်လာပြီး စခန်းမှူးကို ဓားနဲ့ ပြေးခုတ် ခဲ့ပါတယ်။ စခန်းမှူးကရှောင်တိမ်းလိုက်စဉ် အနီးက ရဲတပ်သားက သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ရဲအောင် (ခ) ကိုရဲမှာ ညာဘက်လက်ပြင်အောက်မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရဲအောင် (ခ) ကိုရဲမှာ ရမည်းသင်းထောင်ကနေ လွတ်လာသည်မှာ မကြာသေးသလို ရွာမှာလည်း မကြာခဏ ဆူပူရမ်းကားမှုတွေ ပြုလုပ်လေ့ရှိသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

Photo Credit -Mandalay Police

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က