ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဉ်းသား ၁၄ ဦးကိုတော့ ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။

ဘားအံအကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်နေကြတဲ့ အကျဉ်းသားတွေကို ကူညီစုံစမ်းဖမ်းဆီးပေးဖို့နဲ့ သတင်းပေးဖို့ မေတ္တာရပ်ခံပါကြောင်း  အကျဉ်းသားတွေရဲ့ ဓာတ်ပုံနဲ့ တကွ ဖော်ပြပြီး ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ဖေ့ဘုတ်စ်စာမျက်နှာကတဆင့် တိုက်တွန်းပြောဆိုလိုက်ပါတယ်။

 

လွတ်မြောက်နေတဲ့အကျဉ်းသားများ

 

ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၁ ဦးအနက် ၁၄ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီးနောက် ကျန်ရှိတဲ့ အကျဉ်းသား ၂၇ ဦးကို  ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ နေရာစုံမှာ ပိတ်ဆို့ရှာဖွေနေတယ်လို့သိရပါတယ်။

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှာ စက်တင်ဘာ ၁၆ ရက်မနက် ၈ နာရီလောက်က အမှိုက်သိမ်းကားကို လုယူထွက်ပြေးခဲ့တဲ့ အကျဉ်းသား ၄၁ ဦးအနက်  အဲဒီည ၇ နာရီလောက်မှာပဲ အကျဉ်းသား ၁၄ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

ဖမ်းမိခဲ့တဲ့အကျဉ်းသားများ

 

ဖြစ်စဉ်ကတော့ မူးယစ်ဆေးနဲ့လက်နက်မှုတွေနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျနေတဲ့ကျော်မိန်လ ခေါ် အရှောင်ဆိုသူက ထောင်ကားမောင်းတဲ့ အကျဉ်းထောင်ဝန်ထမ်းကို ထိုးကြိတ်ပြီး ထောင်တံခါးလေးဆင့်ကို ကားနဲ့တိုက်ဖွင့်ပြီး ယာဉ်ပေါ်နဲ့ ယာဉ်နောက်တို့မှာ အကျဉ်းစား ၄၂ ဦးပါသွားခဲ့ပြီး ဘားအံ-လှိုင်းဘွဲ့ ကားလမ်းအတိုင်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။

ရဲတပ်ဖွဲ့ ရှာဖွေစဉ်

 

အဲဒါကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ဦးဆောင်ပြီး ပူးပေါင်းအဖွဲ့တွေက ထွက်ပြေးရာလမ်းကြောင်းတစ်လျှောက် ၊ လမ်းတံတားတွေမှာ ပိတ်ဆို့ရှာဖွေရာ မောင်းနှင်ထွက်ပြေးသွားတဲ့ယာဉ်ကို လှိုင်းဘွဲမြို့နယ် ရွာသာအေးရွာနဲ့ သပုထိုရွာကြားမှာ ပြန်လည် တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဦးဆောင်ထွက်ပြေးသူ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံရတဲ့ ကျော်မိန်လ ခေါ် အရှောင်ဆိုသူ အပါအဝင် အကျဉ်းသား ၁၄ ဦးကိုလည်း ဘားအံမြို့နဲ့ လှိုင်းဘွဲမြို့က ရွာအချို့မှာ တွေ့ရှိ ဖမ်းဆီးမိခဲ့တယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ထွက်ပြေးခဲ့တဲ့ အကျဉ်းသား ၄၁ ဦးမှာ အပြစ်ကျတရားခံ ၂၉ ဦးနဲ့ အမှုစစ်ဆေးဆဲအချုပ်တရားခံ ၁၂ ဦးပါဝင်ပြီး ဦးဆောင်ထွက်ပြေးတဲ့ ကျော်မိန်လ (ခ) အရှောင်ဆိုသူမှာ မူးယစ်ဆေးဝါးမှု၊ လက်နက်မှု၊ လူသတ်မှုတို့နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံနေရသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က