နှစ်ယောက်ပြန်မိပြီး တစ်ယောက်က လွတ်နေဆဲပါ။

ဘိုကလေးရဲစခန်းက အချုပ်ခန်းကိုဖောက်ပြီးထွက်ပြေးတဲ့ အချုပ်သား ၃ ယောက်အနက် ၂ ယောက်ကို ပြန်မိပြီလို့ ဘိုကလေးမြို့မရဲစခန်းက Duwun ကို စက်တင်ဘာ ၁၈ ရက်နေ့မှာ အတည်ပြုပြောပါတယ်။

 

Photo - Thu Ya Swe (MHT)



စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၃ နာရီခွဲလောက်က ဘိုကလေးရဲစခန်းအချုပ်က အချုပ်ခန်းကတိုင် ကို သံဖြတ်လွှနဲ့ ဖြတ်ပြီး အချုပ်သား ၃ ယောက် ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။



ဒါကြောင့် ရဲတပ်ဖွ့ဲက ချက်ခြင်းလိုက်လံဖမ်းဆီးရာမှာ မအူပင်ကိုဦးတည်လာရာ မအူပင်မြို့ ရေလဲကလေးကျေးရွာ မီးသတ်စခန်းအနီးတွေ့ရှိတာကြောင့်လိုက်လံဖမ်းရာ နှစ်ဦးဖမ်းဆီးရမိပြီး ကျန်တစ်ဦးမှာလယ်ကွင်းထဲသို့ထွက်ပြေးလွတ်မြောက်နေသေးတယ်လို့လည်း ရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။



ပြန်လည်ဖမ်းမိသူတွေကတော့ ခိုးမှုနဲ့ အချုပ်ကျနေသူ အာကာ၊ ခိုးမှု နာကျင်စေမှုတွေနဲ့ အချုပ်ကျနေတဲ့ နန္ဒအောင်တို့ဖြစ်ပြီး ပုဒ်မ ၃၇၇ နဲ့ အချုပ်ကျနေသူ လှနိုင်ဦးကိုတော့ ပြန်လည်ဖမ်းမိခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

Share

Loading Next Article...
က္က