၄၁ ယောက်ထွက်ပြေးတာမှာ ၂၁ ယောက်ပြန်ဖမ်းမိထားပါတယ်။

ဘားအံအကျဉ်းထောင်ကနေ ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေထဲက အကျဉ်းသား ၇ ယောက်ကို စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းက ဖမ်းဆီးရခဲ့တယ်လို့ကရင်ပြည်နယ်ရဲတပ်ဖွဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ Duwun ကိုပြောပါတယ်။

 

Photo - ကရင်ပြည်နယ်ရဲတပ်ဖွဲ့





ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၁ ယောက်မှာ ၂၁ ယောက်ကို ပြန်လည်ဖမ်းမိထားပြီလို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ စက်တင်ဘာ ၁၇ ရက်နေ့ ညပိုင်းအထိ ရရှိထားတဲ့ အချက်အလက်တွေအရသိရပါတယ်။



စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ထောင်ဝင်းအတွင်း သန့်ရှင်းရေး ပြုလုပ်ပြီး စုပုံထားတဲ့ အမှိုက်တွေကို သွားပစ်မယ့်ယာဉ်ရဲ့ ယာဉ်မောင်း အကျဉ်းသားဝန်ထမ်းကို အကျဉ်းသား ကျော်မိန်လက ထိုးကြိတ်ပြီး အကျဉ်းသား ၄၀ နဲ့အတူ ထောင်တံခါး ၄ ဆင့်ကို တိုက်ပြီးထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။



ထောင်ဒဏ် နှစ် အကန့်အသတ် မရှိ ကျခံထားရသူ ကျော်မိန်လ (ခ) အရှောင်ကိုတော့ လိုက်လံဖမ်းဆီးမှုအတွင်းရဲ့ သေနတ်နဲ့ အသေပစ်ခတ်ဖမ်းဆီးမှုလုပ်ခဲ့တယ်လို့လည်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့က သိရပါတယ်။



ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၁ ယောက်မှာ ပြစ်ဒဏ်ကျ တရားခံ ၂၉ ဦး၊ အမှုစစ်ဆေးဆဲ အချုပ်တရားခံ ၁၂ ယောက် ပါဝင် ပါတယ်။ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်တဲ့ ကျန်အကျဉ်းသားတွေ ပြန်လည်ဖမ်းဆီးမိဖို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့၊ တပ်မတော်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကပါ ပူးပေါင်း ဖြန့်ကျက်ရှာဖွေနေပြီး၊ ကူညီစုံစမ်း ဖမ်းဆီးပေးဖို့ သတင်းပေးကြဖို့လည်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

Share

Loading Next Article...
က္က