၂ လကျော်အတွင်းဖမ်းဆီးခဲ့တာပါ။

ဇွန်လ ၂၇ ရက်ကစတင်ဖွင့်လှစ်ထားတဲ့ သမ္မတရုံးကနေ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနကို တိုင်ကြားမှုတွေကနေမူးယစ်တရားခံပေါင်း ၄၂၁ ယောက်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

 





ဇွန်လ ကုန်လောက်ကနေ စက်တင်ဘာလ ၁၅ ရက်နေ့အထိ တိုင်ကြားမှုပေါင်း ၆၉၈ မှု၊ ဆောင်ရွက်ပြီးစီးမှု ပေါင်း ၅၀၀ မှု၊ အမှုပေါင်း ၂၇၁ မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ပြိးတော့ တရားခံ ကျား (၃၅၂) ဦး၊ မ ၆၉ ဦး၊စုစုပေါင်း ၄၂၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့ ရက်စွဲနဲ့ သမ္မတရုံးကထုတ်ပြန်ပါတယ်။



ဘိန်းဖြူ (၂၆၂၆) ဂရမ်ကျော်၊ ICE (၁၆.၇၁) ၊ဘိန်း(၃၄၈၆၀) ဂရမ်၊ အပါအဝင် စိတ်ကြွဆေးပြားတွေ ကျည်ဆံတွေနဲ့ လက်ပစ်ဗုံးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။



တိုင်ကြားမှုတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေက ရတဲ့ သတင်းတွေအရ အရေးယူခဲ့တာဖြစ်ပြီးတော့ နယ်စပ်ဂိတ်တွေမှာ ပိတ်ဆို့ရှာဖွေတာ၊ နယ်မြေရှင်းလင်းတာ၊မော်တော်ယာဉ်၊ဆိုင်ကာတွေကို ရှာဖွေတာတွေပြုလုပ်ခဲ့ရာကနေ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။



မူးယစ်ဆေးဝါးတွေကို ပိုမိုဖမ်းဆီးနိုင်ဖို့အတွက် ပြည်ထဲရေးနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုင်ကြားနိုင်ပြီးတော့ ထူးခြားကိစ္စတွေနဲ့ ကြီးမားတဲ့ မူးယစ်ဆေးဝါးအမှုတွေကိုတော့ နိုင်ငံတော်သမ္မတရုံးရဲ့ မူးယစ်ဆေးဝါး အထူးတိုင်ကြားရေးဌာန ကို တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

Share

Loading Next Article...
က္က