မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သင်္ဘောပါ။

နော်ဝေသုတေသနလုပ်ငန်းသုံးရေယာဉ်ကို ကြည့်ဖို့အတွက် ရှစ်နှစ်အရွယ် မူလတန်းကျောင်းသားလေးတစ်ဦးက နော်ဝေသံအမတ်ဆီကို စာပို့ခဲ့တယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာမှာ နော်ဝေသံရုံးကထုတ်ပြန်ပါတယ်။



 

42044662_241281086519128_9149145226634330112_n.jpg

Photo-Norwegian embassy

 

မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် နော်ဝေက သုတေသနလုပ်ငန်းသုံးရေယာဉ် Dr.Fritdjof Nansen က မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်မှာ မူလတန်းကျောင်းသားတစ်ဦးဖြစ်တဲ့ ဝီလျံက အဲ့ဒီရေယာဉ်ပေါ်ကို လာရောက်လည်ပတ်ချင်တယ်လို့ သံအမတ်ဆီကို စာပို့ခဲ့တာပါ။

ငါး၊နဲ့ ဂဏန်းတွေကို စိတ်ဝင်စားတဲ့ ဝီလျံက ကမ်းရိုးတန်းသွားရေယာဉ်မှာ ငါးတွေ၊ အနုကြည့်မှန်ပြောင်းတွေ ပါလာမယ်ဆိုတာကို သူ့ရဲ့ အမေကနေ တစ်ဆင့်သိရတာကြောင့် အဲ့ဒီရေယာဉ်ပေါ်ကို လည်ပတ်ခွင့်ပြုဖို့အတွက် သံအမတ်ဆီကို စာရေးသားပေးပို့ခဲ့တာပါ။

42134422_235158483844686_1573497814766321664_n.jpg

Photo-Norwegian embassy

ရေယာဉ်အမှုထမ်းတွေက ဝီလျံနဲ့ သူ့မိခင်ကို ရေယာဉ်တစ်ပါတ်လိုက်ပြပေးခဲ့ပြီးတော့ ကလေးငယ်စိတ်တိုင်းကျလှည့်ပတ်ကြည့်ရှုစေခဲ့ပါတယ်။ နောင်အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ သိပ္ပံပညာရှင်ဖြစ်လာနိုင်တဲ့ကလေးတစ်ယောက်ကို လိုက်ပြခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့လည်း နော်ဝေသံရုံးကနေ ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က