crystal တွေတွေ့တယ်လို့  ရန်ကုန်တိုင်းရဲတပ်ဖွဲကနေ သိရပါတယ်။

ရန်ကုန်က ဗဟိုစာတိုက်ကြီးမှာ ဂျာမနီနိုင်ငံကနေပို့တဲ့ စက္ကူဂျပ်ဖာထုပ်မှာ မူးယစ်ဆေးဝါးတွေဖြစ်တဲ့  crystal တွေတွေ့တယ်လို့  ရန်ကုန်တိုင်းရဲတပ်ဖွဲကနေ သိရပါတယ်။

 

41894017_2076846019034853_1325559377221910528_n.jpg

တွေ့ရှိခဲ့သည့် ပါဆယ်ထုတ်များအားတွေ့ရစဉ်

 

ကျောက်တံတားမြို့နယ်မှာရှိတဲ့စာတိုက်ကြီးမှာ ဂျာမနီနိုင်ငံက ပို့တဲ့စက္ကူထုပ်အတွင်းကနေ မူးယစ်ဆေးဝါးတွေဖြစ်တဲ့ crystal တွေတွေ့ရှိတယ်လို့ သတင်းပေးပို့တာကြောင့် စစ်ဆေးတဲ့အခါမှာ အလေးချိန်  ၉ ဒသမ ၈ ကီလိုရှိတဲ့ ECSTASY မူးယစ်ဆေးတွေကိုတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့လိုတွေ့ရှိတာကြောင့် ပါဆယ်ထုတ်သူကို အမှုဖွင့်အရေးယူထားပြီးတော့ ကွင်းဆက်အနေနဲ့ ကြည့်မြင်တိုင် ၊သီရိမင်္ဂလာဈေးဟောင်း၊ကားရောင်းဝယ်ရေးဝင်း က တိုက်ခန်းကနေ မူးယစ်ဆေးဝါး အညိုရောင်အမှုန့် ၊ မွှေစက် ၂ လုံး၊ လက်လှည့်ကြိတ်စက် တစ်လုံးနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိပြီးတော့  တရားခံတွေကိိုတော့ ဖမ်းမမိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်သမ္မတရုံးကနေ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနကို တိုင်ကြားလာတဲ့ အမှုပေါင်း ၆၉၈ မှု အထိရှိနေတယ်လို့ သမ္မတရုံးကနေ ထုတ်ပြန်လိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က