အောက်တိုဘာ ၃ ရက်နေ့ကို ရုံးချိန်းရွှေ့ဆိုင်းကြောင်း ပြောဆိုခဲ့ပါတယ်။

သီဟတင်စိုးကို မုဒိမ်းမှုနဲ့ လီဆယ်တိုင်ကြားတဲ့ အမှုမှာ ပွဲစားဒေါ်ညို အာမခံလျှောက်ထားမှု အမိန့်မချသေးလို့ နောက်ရုံးချိန်း ရွှေ့ဆိုင်းထားတယ်လို့ သင်္ဃးကျွန်းမြို့နယ်တရားရုံးကနေ သိရပါတယ်။

42094446_253176172007777_2265766579180404736_n.jpg

စက်တင်ဘာ ၁၉ ရက်နေ့ရုံးချိန်းတွင် ဒေါ်ညိုနှင့်ခင်မာမြင့်ရုံးထုတ်လာစဉ်

 

ပွဲစားဒေါ်ညိုနဲ့ အိမ်အကူခင်မာမြင့်တို့ကို ဒီနေ့ စက်တင်ဘာ ၁၉ ရက်က ခြောက်ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ပွဲစားဒေါ်ညိုရဲ့ အာမခံလျှောက်ထားမှုကို အရှေ့ပိုင်းခရိုင်တရားရုံးက အမိန့်မချသေးတာကြောင့် အမှုကို ဒီနေ့မှာ မစစ်ဆေးခဲ့ပါဘူး။ ဒါ့အပြင် ဒီနေ့ရုံးချိန်းမှာ အိမ်အကူခင်မာမြင့်နဲ့ ပွဲစားဒေါ်ညိုတို့ကို စစ်ဆေးနေတဲ့ သင်္ဃန်းကျွန်းမြို့နယ် တွဲဖက်တရားသူကြီး ၁ သင်တန်းတက်ရောက်နေရလို့ မစစ်ဆေးဖြစ်ဘဲ မြို့နယ်တရားသူကြီးကနေ အောက်တိုဘာ ၃ ရက်နေ့ကို ရုံးချိန်းရွှေ့ဆိုင်းကြောင်း ပြောဆိုခဲ့ပါတယ်။

 ပြီးခဲ့တဲ့ရုံးချိန်းမှာ အိမ်အကူမခင်မာမြင့်ကတော့ သီဟတင်စိုးက သူ့ကို အမှန်တကယ်အဓမ္မပြုကျင့်ခဲ့ကြောင်း တရားခွင်မှာ ထွက်ဆိုထားခဲ့ပြီး သုဝဏ္ဏရဲစခန်း စခန်းမှူး ဒုရဲအုပ်သန်းနိုင်က မခင်မာမြင့်ကိုယ်တိုင် သီဟတင်စိုးက သူ့ကို အဓမ္မပြုကျင့်ခဲ့ခြင်းမရှိကြောင်း၊ လိမ်လည်တိုင်တန်းခဲ့ခြင်းသာဖြစ်ကြောင်း ဝန်ခံခဲ့ပြီး မှတ်တမ်းတွေအားလုံးလည်းရှိကြောင်း တရားခွင်မှာ ပြန်လည် ချေပခဲ့ပါတယ်။

 

သရုပ်ဆောင်သီဟတင်စိုးက အိမ်အကူမခင်မာမြင့်ကို အဓမ္မပြုကျင့်တယ်လို့ သုဝဏ္ဏနယ်မြေရဲစခန်းကို တိုင်ကြားခဲ့ပြီးနောက် စုံစမ်းရာ ဒေါ်ညိုကနေ သီဟတင်စိုးက သားမယားပြုကျင့်တယ်လို့ လိမ်ညာပြောဆိုပြီးအမှုဖွင်ဖို့ ခင်မာမြင့်ကို သင်ပေးခဲ့တယ်လို့ သိရပါတယ်။

ခင်မာမြင့်ကနေ ဒေါ်ညိုခိုင်းတဲ့အတိုင်းလုပ်ပြီး နစ်နာကြေးအတွက် သိန်း ၁၀၀နဲ့ ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေလို့ ရဲစခန်းကို တိုင်တန်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။ အိမ်အကူခင်မာမြင့်၊ပွဲစားဒေါ်ညိုနဲ့ လက်ရှိထိ ထွက်ပြေးနေတဲ့ ထွန်းတောက်အကျိုးဆောင်ပိုင်ရှင် ဒေါ်မြင့်တို့ကို လီဆယ်တိုင်ကြားမှု၊ ခြိမ်းခြောက်ငွေတောင်းခံမှုနဲ့ အမှုဖွင့်ထားပါတယ်။

 

Share

Loading Next Article...
က္က