မသကာၤဖွယ်အမျိုးသားတစ်ဦးတွေ့ရှိတာကြောင့် စစ်ဆေးခဲ့ရာကနေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဘိုကလေးရဲစခန်းမှာ အချုပ်ခန်းဖောက်ပြေးတဲ့ တရားခံတွေအကုန်လုံးကို ဖမ်းမိသွားပြီလို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ က ထုတ်ပြန်လိုက်ပါတယ်။

42087822_1665111126951481_621903636598882304_n.jpg 

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လှည့်ကင်းဆော်ရွက်နေတဲ့အချိန်မှာ စက်တင်ဘာ ၁၈ ရက်နေ့ညနေပိုင်းမှာ လှိုင်သာယာမြို့နယ်၊သောင်ကြီးရဲဏခန်းနယ်မြေရဲတပ်ဖွဲ့ဝင်တွေက လှိုင်သာယာ၊အမှတ် (၁၀) ရပ်ကွက်၊အနော်ရထာလမ်း၊သမကုန်းအဝိုင်းနားမှာ မသကာၤဖွယ်အမျိုးသားတစ်ဦးတွေ့ရှိတာကြောင့် စစ်ဆေးခဲ့ရာကနေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

စစ်ဆေးခဲ့ရာမှာတော့ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မရဲစခန်းကနေ အချုပ်ဖောက်ပြီးထွက်ပြေးလာတဲ့ ရဲစခန်း(ပ) ၃၄၆ / ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ အမှုက တရားခံ လှနိုင်ဦး ၊ အသက် ၃၃ နှစ် ဘိုကလေးမြို့နယ်နေသူဖြစ်ကြောင်းတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၃ နာရီခွဲလောက်က ဘိုကလေးရဲစခန်းအချုပ်က အချုပ်ခန်းကတိုင် ကို သံဖြတ်လွှနဲ့ ဖြတ်ပြီး အချုပ်သား ၃ ယောက် ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။



ဒါကြောင့် ရဲတပ်ဖွ့ဲက ချက်ခြင်းလိုက်လံဖမ်းဆီးရာမှာ မအူပင်ကိုဦးတည်လာရာ မအူပင်မြို့ ရေလဲကလေးကျေးရွာ မီးသတ်စခန်းအနီးတွေ့ရှိတာကြောင့်လိုက်လံဖမ်းရာ နှစ်ဦးဖမ်းဆီးရမိပြီး ကျန်တစ်ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က