တစ်ရက်ထဲကို ၁၅ ကျပ်လောက်တက်နေတာပါ။

ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းဟာ ၁ ဒေါ်လာကို ကျပ်ငွေ ၁၆၁၀ ကျပ်ထိ အရောင်းဈေး ရှိနေတယ်လို့ ရန်ကုန်မြို့တွင်းငွေကြေးလဲလှယ်ရေးဈေးကွက်အတွင်း လုပ်ကိုင်နေသူတွေကို Duwun ကို ညနေ ဒေါ်လာဈေးကွက်ပိတ်ကာနီးအချိန်မှာ ပြောပါတယ်။

 

Photo - Currency Compare Myanmar





"မနက်ကတော့ ၁၅၉၃ ကျပ်ရှိတာကနေ ညနေပိုင်းရောက်တော့ ၁၆၁၀ အထိ တက်သွားတာပဲ။ ဘဏ်တွေရဲ့ပေါက်ဈေးကလည်း အဲ့ဒီလောက်ရှိနေတယ်ဆိုတော့ အကုန်လုံးဒီဈေးရောက်ကုန်တာပေါ့။"လို့ ရွှေဘုံသာလမ်း ငွေလဲကောင်တာလုပ်ငန်းလုပ်ကိုင်သူ ကို မြင့်မိုးကပြောပါတယ်။



ဒေါ်လာဈေးနှုန်းကို ဗဟိုဘဏ်ရဲ့ သတ်မှတ် ငွေလဲနှုန်း အထက်အောက် သတ်မှတ်ချက်အတွင်းသာ ရောင်း ဖို့ ဆိုတဲ့ကန့်သတ်ချက်က သြဂုတ် ၁၄ရက်နေ့က ဖြေလျှော့ပေးခဲ့ပါတယ်။

နိုင်ငံခြားငွေ လဲလှယ်နှုန်း ဟာ မကြုံစဖူး ထိုးတက်လာခဲ့ပြီး ၁ ဒေါ်လာကို ၁၅၈၀ ကျပ်ဝန်းကျင်အထိ အမြင့်ဆုံးရောက်ခဲ့ပြီးနောက် အခု ၁၆၁၀ ကျပ်ကို ပထမဆုံး ရောက်ရှိခဲ့တာဖြစ်ပါတယ်။ တချိန်ထဲမှာပဲ ပြည်တွင်းရွှေဈေးကွက်မှာလည်း တစ်ကျပ်သားကို ၁၀ ကျော်အထိ ပေါက်ဈေးရှိနေတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က