ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဟသာၤတမြို့နယ်မှာ အမျိုးသားတစ်ဦးဆေးထိုးမှားပြီးတော့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

 

42045236_2630876843604580_4909051674053574656_n.jpg 

စက်တင်ဘာလ ၁၈ ရက်နေ့က ဟသာၤတမြိုု့နယ်၊ဒူးယားမြို့တိုက်နယ်တိုက်နယ်ဆေးရုံက ဒေါက်တာမာလာထွန်းကက ဆေးထိုးမှားပြီးသေဆုံးသူ ဥိးသိန်းဆွေ အသက် ၄၁ နှစ် က ရဲဆေးစာ လာပေးဖို့ အကြောင်းကြားလို့ ဒူးယားနယ်မြေရဲစခန်းမှုးက သွားရောက်ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်က ဒူးယားမြို့၊ အမှတ် ၂ ၇ပ်ကွက်မှာရှိတဲ့ ဒေါက်တာကောင်းထက်ဖွင့်လှစ်ထားတဲ့ ဆေးခန်းကကိုသွားရောက်ပြသခဲ့ပြီး ဒေါက်တာကောင်းထက်ကနေ အကြောဆေး ၁ လုံးထိုးပေးပြီးခဏအကြာမှာ ပင်နယ်စလင်ဆေးကို ထပ်ထိုးပေးပြီးမိနစ်နှစ်ဆယ်အကြာမှာ သတိလစ်သွားပြီး ဆေးရုံပို့စဉ်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ည ၁၁း၁၀ အချိန်မှာ ဒေါက်တာမာလာထွန်းက ဦးသိန်းဆွေရဲ့ အလောင်းကို ရင်ခွဲစစ်ဆေးရာမှာ ဆေးထိုးမှားပြီး သေဆုံးတာဖြစ်ကြောင်း သိရှိရတာကြောင့် ဆေးရုံအုပ်ပြီးထံတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ခရိုင်ဆေးရုံအုပ်ကြီးရဲ့ ညွှန်ကြားချက်အရ ဒူူးယားနယ်မြေရဲစခန်းကို အကြောင်းကြားခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဒေါက်တာကောင်းထက်ကို ဒူးယားနယ်မြေရဲစခန်း (ပ)၁၅၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့် လူသေမှု)ဖြင့် အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က