အရက်အဆိပ်သင့်ပြီးလူ၂၁ ဦး အဆိပ်သင့်သေဆုံးခဲ့ပါတယ်။

မလေးရှားမှာ မြန်မာပြည်ကအမှတ်တံဆိပ်နဲ့ အရက်အတုတွေသောက်မိလို့  အရက်အဆိပ်သင့်ပြီးလူ၂၁ ဦး အဆိပ်သင့်သေဆုံးခဲ့ပါတယ်။


alcohol1909_1537364112.jpg

သတင်းစာရှင်းလင်းပွဲ မလေးရှားတွင် ပြုလုပ်နေစဉ်

 

ရွှေ့ပြောင်းအလုပ်သမားတွေအများစုပါဝင်တဲ့ အဆိုပါ လူ ၂၁ ဦးက မလေးရှားမှာရှိတဲ့ အဆိပ်သင့်မှုဖြစ်စေနိုင်တဲ့ အရက်တွေကြောင့် သေဆုံးရတယ်ဆိုပြီးတော့  Al Jazeera’s သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ မြို့တော်ကွာလာလမ်ပူအနီးမှာရှိတဲ့ ဈေးကွက်ဆိုင်တွေက အတုလို့ယူဆရတဲ့ အရက်နဲ့ ဝီစကီအမြောက်အမြားကို သိမ်းဆည်းစစ်ဆေးနေပါတယ်။

“ အဆိုပါကိစ္စရပ်နဲ့ ပါတ်သတ်ပြီးဆိုင်ရာအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေရာမှာ ကုန်ပစ္စည်းအမည်ပါဝင်နေတာဖြစ်ပြီးတော့ အဲ့ဒီကုန်ပစ္စည်းက ဟုတ်တယ်၊မဟုတ်ဘူးဆိုတာ အာဏာပိုင်တွေက အတိအကျထုတ်ပြန်ထားတာမရှိသေးဘဲ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ ပူးပေါင်းပါဝင်သွားမှာဖြစ်တယ်လို့ Grand Royal အုပ်စုကနေ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံကို တင်ပို့တာကိုလည်း ၂၀၁၇ ခုနှစ်ကတည်းက ရပ်တန့်ထားပြီးတော့ ၂၀၁၄ ခုနှစ်ကတည်းက ကုန်ပစ္စည်းအတုတွေ ရောင်းချတာမျိုးရှိခဲ့ကြောင်းနဲ့ အဲ့ဒီကိစ္စရပ်ကို စောင့်ကြည့်ပြီးတော့ သတင်းထုတ်ပြန်သွားမယ်လို့  ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က