ရွှေတိဂုံဘုရားမှာ အလှူငွေ ကျပ် သန်းပေါင်း ၈ ထောင်နီးပါးရှိနေ။

ရွှေတိဂုံစေတီတော်မှာ ရွှေသင်္ကန်းကပ်လှုဖို့အတွက် လာလှုထားတဲ့အလှူငွေပေါင်း ကျပ် ၁၃ ဘီလျံကျော်ရှိတယ်လို့ ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့နေပြီးတော့ စက်တင်ဘာ ၂၀ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။



 

41962081_2183159585091570_8951828609375404032_n.jpg 

ရွှေတိဂုံစေတီတော်မှာ ရွှေသင်္ကန်းကပ်လှုဖို့အတွက် အများပြည်သူလာရောက်လှုဒါန်းထားတဲ့ငွေသား ကျပ် ၁၃ ဘီလျံကျော်ရှိတာဖြစ်ပြီးတော့ အစိုးရဘဏ်ခွဲမှာ အပ်နှံထားတယ်လို့ ဘဏ္ဍာငွေလက်ကျန်ရှင်းတမ်း မှာဖော်ပြထားပါတယ်။

ရွှေသင်္ကန်း၊ အထွေထွေ၊ ဘက်စုံအပါအဝင် အစိုးရငွေတိုက်စာချုပ်၊ ငွေစုလက်မှတ်တန်ဘိုးတွေနဲ့ စာရင်းသေအပ်ငွေတွေအပါအဝင် စုစုပေါင်း ကျပ် ၇၉ ဘီလျံအထိရှိတယ်လို့ စာရင်းရှင်းတမ်းမှာ ဖော်ပြထားတာလည်းဖြစ်ပါတယ်။

“ရွှေသင်္ကန်းအတွက်က ၁၃ ဘီလျံရှိတယ်။ ဘီလျံ ၇၀ က ကျန်တဲ့ခေါင်းစဉ်အတွက်ရှိတယ်။ တစ်ဦးချင်းက လှူထားတာတွေရှိတယ်။ တစ်ကျပ်သားပြည့်အောင်လည်း ၁၃ ဘီလျံထဲကနေ ရွှေဘယ်လောက်ပဲလိုလိုလှုလို့ရတယ်။ အခုက ရွှေကို ရှစ်သိန်းတစ်သောင်းပဲကောက်နေတာ။ ရွှေဈေးဘယ်လောက်ဖြစ်ဖြစ် ရွှေသင်္ကန်းထဲကနေဖြည့်ပြီးလှူပေးလို့ရတယ်“ လို့ ရွှေတိဂုံစေတီတော်က ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောပါတယ်။

ရွှေတိဂုံစေတီတော် ကနေ ရရှိတဲ့အလှူငွေတွေကို အစိုးရဘဏ်ခွဲတွေမှာအပ်နံထားပြီးတော့ နိုင်ငံခြားငွေ လက်ကျန်အနေနဲ့ အမေရိကန်ဒေါ်လာ ၁၅၄ သိန်းကျော်အထိ ငွေလက်ကျန်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က