ဆွာဆည် ပဲ့ကျမှုကြောင့် ရေလွှမ်းပြီးကျိုးပျက်ခဲ့တာပါ။

ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ ရထားတွေ စက်တင်ဘာ ၂၁ ရက်ကစတင်ပြီး ပြန်လည်ပြေးဆွဲသွားတော့မှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားက စက်တင်ဘာ ၂၀ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။



 

42232164_2120746974837816_5600873461221163008_n.jpg

Photo - Myanmar Trains

 

သြဂုတ်လ ၂၉ ရက်က ဆွာချောင်းတမံရေပိုလွှဲကျိုးပေါက်လို့ ပိတ်ထားခဲ့တဲ့ ဆွဘူတာနဲ့ ကုန်းကြီးဘူတာကြားက ရထားလမ်းကို ပြန်လည်ပြုပြင်ပြီးနောက် ဒီနေ့ စက်တင်ဘာ ၂၀ ရက်မှာရထားတွေ ပြန်လည် ပြေးဆွဲနေပြီလို့ သိရပါတယ်။

ဆွာချောင်းတမံရေပိုလွှဲကျိုးကျလို့ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းက ဆွာဘူတာနဲ့ ကုန်းကြီးဘူတာကြားရှိ ရထားလမ်းတွေရေကျော်ကာ လမ်းတွေပျက်စီး၊တံတားတွေ ပျက်စီးခဲ့လို့ ရထားသွားလာမှု ခေတ္တပိတ်ခဲ့ရတာဖြစ်ပါတယ်။ အခုတော့ ရထားလမ်း အစုန်လမ်းကို ပြန်လည်ပြုပြင်ခဲ့ပြီး တံတားအမှတ် BR -305 ကိုပြန်လည် ပြင်ဆင်ကာ သံလမ်းရထားတွေ၊ကျောက်ရထားတွေ စမ်းသပ်ဖြတ်သန်းခဲ့ပါတယ်။

ဒါကြောင့် ဆွာ-ကုန်းကြီး အစုန်ရထားလမ်းကို စက်တင်ဘာ ၂၀ရက် နေ့လယ် ၂ နာရီ ၂၅ မိနစ်မှာ ပြန်လည်ဖွင့်ပေးခဲ့ပြီးနောက် အမှတ် ၁၁ အဆန်လူစီး အမြန်ရထားစတင် ဖြတ်သန်းနေပြီလို့ သိရပါတယ်။

သြဂုတ်လ ၂၉ ရက်က ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဆွာရေလှောင်တမံ ကျိုးပေါက်ခဲ့လို့ ဆွာမြို့အပါအဝင် ကျေးရွာ ၄၀ လောက် ရေနစ်မြုပ်ပြီး လူ ၇ ဦး သေဆုံးသွားခဲ့ပါတယ်။ ဆွာရေလှောင်တမံကျိုးပေါက်လို့ ဆွာချောင်းတံတားလည်း နိမ့်ကျခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း၊ ရန်ကုန်-နေပြည်တော် လမ်းအပိုင်းတွေမှာလည်း လမ်းမတွေပေါ်မှာ ရေကျော်ခဲ့ရာ အဝေးပြေးကားတွေလည်း ယာယီပိတ်ထားခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က