ရန်ကုန်မြို့ပတ်ရထားလမ်းကို စည်ပင်က ပြုပြင်ထားတဲ့လမ်းအရွယ်အစားအတိုင်းပဲ အဆင့်မြှင့်တင်မှုပြုလုပ်နေတယ်လို့  စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ပြောပါတယ်။



 

IMG_9951.JPG 

စက်တင်ဘာလ ၂၀ ရက်နေ့မှာပြုလုပ်တဲ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ တော်ဒဂုံက လွှတ်တော်ကိုယ်စားလှယ်ရဲ့ မီးရထားလမ်းတွေဖြတ်သန်းဖောက်လုပ်ထားတဲ့ မော်တော်ယာဉ်သွားလမ်း၊ လူကူးလမ်းတွေကျဉ်းတာကြောင့် ယာဉ်တိုက်မှုတွေဖြစ်ပေါ်နေတဲ့အပေါ် လမ်းနယ်ချဲ့ထွင်ပေးဖို့ မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို ဆောင်ရွက်နေတဲ့အချိန်မှာ ကားလမ်းကူး Double Crossing တွေကို စည်ပင်ကနေ ပြုပြင်ထားတဲ့လမ်းအရွယ်အစားအတိုင်း အဆင့်မြှင့်တင်ပြုပြင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ဒေါ်နီလာကျော်က ပြောကြားခဲ့တာပါ။

 

ဒါ့အပြင် ရထားလမ်းကိန်းတံတားပုံစံတွေကိုလည်း လမ်းနယ်နိမိတ်အတိုင်း ဂိတ်မေင်းတံတွေကို ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့တာပါ။

ဂိတ်စောင့်ဝန်ထမ်းတွေကိုလည်း တာဝန်ထမ်းဆောင်ရာမှာ အန္တရာယ်ကင်းရှင်းဖို့ အတွက် လက်နိပ်ဓါတ်မီး၊ရောင်ပြန်အကျီၤတွေစီစဉ်ထားပြီး အသံအချက်ပြစနစ်ကိုလည်း အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ပတ်ရထားအဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေကို ပြီးခဲ့တဲ့နှစ်ကစပြီး အပိုင်းနှစ်ပိုင်းခွဲပြီး လုပ်ဆောင်နေတာဖြစ်ပြီးတော့ အေဝမ်းကုမ္ပဏီနဲ့ ရွှေတောင်ကုမ္ပဏီကို ခွဲဝေလုပ်ဆောင်စေတယ်လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က