ဒေါ်လာဈေးနှုန်းမြင့်တတ်နေလို့ ဆေးဝါးတင်သွင်းသူတွေ အရှုံးပေါ်နေပါတယ်။

ပြည်သူ့ကျန်းမာရေးအတွက် ဆေးဝါးနဲ့ဆေးပစ္စည်းတွေကို တတ်နိုင်သမျှ ယာယီအရောင်းရပ်ထားခြင်းမပြုဖို့ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များအသင်းကနေ အသင်းဝင်တွေကို တိုက်တွန်းလိုက်ပါတယ်။

 

ရန်ကုန်မြို့ရှိ ဆေးဆိုင်တစ်ဆိုင် တွေ့ရစဉ်။

 

လတ်တလောမှာ ဒေါ်လာငွေလဲနှုန်းမြင့်တတ်နေလို့ ဆေးဝါး၊ဆေးပစ္စည်းတွေ ဝယ်ယူရာမှာ အခက်အခဲရှိနေပေမယ့် လူနာအကျိုးကို မျှော်ကိုးပြီး သင့်လျော်တဲ့ဈေးနဲ့ ရောင်းဖို့နဲ့ ယာယီအရောင်းရပ်တာတွေ မလုပ်ဖို့ို့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနဲ့ လုပ်ငန်းရှင်များအသင်းကနေ အသင်းဝင်တွေကို မေတ္တာရပ်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဆေးကုန်သည်အသင်းဝင်တွေအနေနဲ့ အကြွေးနဲ့ ရောင်းချထားတဲ့ ဆေးဝါး၊ဆေးပစ္စည်းတွေအတွက် အကြွေးပြန်လည်ရရှိတဲ့အချိန်မှာ နိုင်ငံခြားငွေလဲနှုန်းပြောင်းလဲမှုတွေကြောင့်  မူလကရောင်းထားတဲ့ ဆေးဝါး၊ဆေးပစ္စည်းအရေအတွက်အတိုင်း ထပ်မံတင်သွင်းဝယ်ယူနိုင်ခြင်းမရှိတာကို နားလည်သဘောပေါက်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

ရန်ကုန်မြို့ရှိ ဆေးဆိုင်တစ်ဆိုင် တွေ့ရစဉ်။

 

ဒါပေမယ့် ဆေးရုံဆေးခန်းတွေမှာ ဆရာဝန်တွေက လူနာတွေကို ဆေးဝါးရောင်းချရာမှာ ဈေးကြီးပေးပြီး ဝယ်ယူနေတာမျိုးမဖြစ်အောင် ဆေးဝါးတွေကို အနည်းဆုံးနဲ့ အသင့်လျော်ဆုံးနှုန်းတွေနဲ့ ရောင်းချပေးဖို့နဲ့ ဈေးကွက်မှာ မပြတ်လပ်အောင် တတ်နိုင်သမျှ ယာယီအရောင်းရပ်ဆိုင်းထားတွေမလုပ်ဖို့ အသင်းအနေနဲ့ ပြည်သူ့ကျန်းမာရေးကို ရှေးရှုပြီး မေတ္တာရပ်ခံကြောင်းထုတ်ပြန်ထားတာပါ။

စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်အထိ ဒေါ်လာငွေလဲနှုန်းဟာ တစ်ဒေါ်လာကို မြန်မာငွေ ၁၆၃၀ နီးပါး မြင့်တတ်နေပြီး နိုင်ငံခြားကနေ တင်သွင်းရတဲ့  ဆေးဝါးတွေလည်း ၂ ရာခိုင်နှုန်းကနေ ၅ ရာခိုင်းနှုန်းအထိ ဈေးနှုန်းမြင့်တတ်နေတာဖြစ်ပါတယ်။

ပြည်တွင်းမှာရောင်းချနေတဲ့ဆေးဝါးတွေကို အိန္ဒိယနိုင်ငံက အများဆုံးတင်သွင်းတာဖြစ်ပြီး အာဆီယံနိုင်ငံအချို့နဲ့ ဥရောပနိုင်ငံအချို့ကနေလည်း တင်သွင်းရောင်းချကြပါတယ်။

Share

Loading Next Article...
က္က