စိတ်နာလို့ သတ်ခဲ့တာလို့ဆိုပါတယ်။

အမျိုးသားတစ်ယောက်နဲ့ ဖေ့စ်ဘုတ်ကတဆင့်ချစ်ကြိုက်ပြီး လိုက်သွားရာကနေ ထိုင်းကို အပို့ခံရတော့မယ်ဆိုတာသိပြီး ထွက်ပြေးတဲ့ အမျိုးသမီးက သူ့ကိုအယုံသွင်းခဲ့သူအမျိုးသားကို ဓါးနဲ့ ထိုးသတ်မှုဖြစ်ပွားခဲ့ပါတယ်။

 

42207577_1668094623319798_956857673473589248_n.jpg 

 

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွိုင်ရယ်တည်းခိုခန်းမှာ ထိုးသွင်းဒဏ်ရာ တွေနဲ့ သေဆုံးတဲ့ အမျိုးသားနဲ့ပတ်သက်ပြီးလူသတ်မှုကျူးလွန်သူကို ဖမ်းမိပြီလို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က စက်တင်ဘာ ၂၁ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်၊တောင်လုံးပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင် လမ်း၊ ရေကျော်မီးပွိုင့်အနီးရှိ ရွိုင်ရယ် တည်းခိုခန်းတွင် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၄၉၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှှုဖွင့်ပြီး သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းနဲ့  ပြစ်မှုကျူးလွန်သူကိုဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းရာမှာ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ မေတ္တာလမ်းနေ လင်းလင်းခိုင် ကို စက်တင်ဘာ ၂၁ ရက်နေ့မနက်ပိုင်းက ဒေါပုံမြို့နယ်၊ ယမုံနာ(၂)ရပ်ကွက်၊အောင်မေတ္တာလမ်းရှိ လက်ဖက်ရည်ဆိုင်မှာ မိခဲ့တယ်လို့ဆိုပါတယ်။

ဖမ်းဆီးရမိသူ လင်းလင်းခိုင်အား စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၇ ခုနှစ်၊ (၉)လပိုင်းခန့်တွင် လူမှုကွန်ယက် Facebook အသုံးပြုရာမှ သေဆုံးသူ ထွန်းလင်းအောင်(ခ)ဖိုးထောင်နှင့် တွေ့ဆုံ၍ Messenger မှ တဆင့် 

စကားပြောဆိုရာတွင် သမီးရည်းစားဖြစ်ခဲ့ကြောင်း၊ သေဆုံးသူမှာ အစ်မဖြစ်သူ၏သား(၃)ယောက်အား ကြည့်ရှု စောင့်ရှောက်နေရသူဖြစ်ပြီး လူပျိုလူလွတ်ဖြစ်ကြောင်းလိမ်လည်ပြောဆိုသည်ကိုယုံကြည်သဖြင့် 

အပြင်တွင် တွေ့ဆုံကာ အတူနေထိုင်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် သေဆုံးသူ မှ မြဝတီမြို့သို့အလုပ်လုပ်ရန် ခေါ် ဆောင်သဖြင့်လိုက်ပါသွားခဲ့တယ်လို့ ထွက်ဆိုပါတယ်။

အဲ့ဒီနောက် သေဆုံးသူဟာ မြဝတီမြို့က နေအိမ်တစ်လုံးမှာအမည်မသိ အမျိုးသမီးတစ်ဦးနဲ့ စကားပြောပြီးနောက်ကွမ်းဝယ်ရန်ထွက်သွားခဲ့ရာ မှပြန်လည်ရောက်ရှိလာခြင်းမရှိဘဲကျန်နေခဲ့စဉ်မှာ အမည်မသိ အမျိုးသမီးမှ ထိုင်းနိုင်ငံပို့မယ်လို့ပြောတာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့ကြောင်း၊ ရန်ကုန်သို့ပြန်လည်ရောက်ရှိ လာခဲ့ပြီး သေဆုံးသူအား နာကျည်းစိတ် ကြောင့် ၁၆.၉.၂၀၁၈ ရက်နေ့တွင် ထီပေါက်

သည်ဟု ပြောဆိုပြီးဖုန်းဖြင့် ဆက်သွယ်ချိန်းဆိုကာပုဇွန်တောင်ဈေးရှေ့ရှိစားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ကြောင်း၊ထို့နောက် မင်္ဂလာတောင်ညွန့် 

မြို့နယ်၊ တောင်လုံး ပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ရေကျော်မီးပွိုင့်အနီးရှိ ရွိုင်ရယ် တည်းခိုခန်းတွင် အတူနေထိုင်ခဲ့ပြီး သေဆုံးသူအတွက် ရွှေဆွဲကြိုးအတုအားဆွဲပေးခဲ့ကြောင်း၊ သေဆုံးသူ လှဲအိပ်နေစဉ် 

၎င်းမှ အသင့်ယူဆောင်လာသော ဓားဖြင့်(၂)ချက်ထိုးပြီး တည်းခိုခန်းမှ 

ထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် ဆက်လက်အရေးယူသွားမယ်လို့ ရဲကသတင်းထုတ်ပြန်ပါတယ်။

Share

Loading Next Article...
က္က