စက်တင်ဘာ ၂၂ ရက်က ကြံခိုင်ရေးပါတီက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ရခိုင်အရေးက ပြည်တွင်းအရေးဖြစ်ပြီးတော့ နိုင်ငံခြားသားပါဝင်တဲ့ ကော်မရှင်တွေ ဖွဲ့တာကြောင့်နိုင်ငံတကာရဲ့ ဖိအားတွေ ပြင်းထန်လာတာလို့ ကြံ့ခိုင်ရေးပါတီက စက်တင်ဘာ ၂၂ ရက်နေ့က သံလွင်လမ်းမှာရှိတဲ့ ရုံးခန်းမှာရှင်းလင်းခဲ့ပါတယ်။

 

စက်တင်ဘာ ၂၂ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးပါတီက သတင်းစာရှင်းလင်းပွဲ

 

“ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်တွေက ပြည်တွင်းရေးကို ပေါ်တင်စွက်ဖက်တာလု့ိ မြင်တယ်။ရခိုင်အရေးဖြစ်ကတည်းက ပြည်တွင်းဖြစ်တဲ့အတွက် အစိုးရ၊တပ်မတော်၊ ဒေသခံံတိုင်းရင်းသားတွေကပူးပေါင်းဆောင်ရွက်ရမှာပါ။ ဒီမိုကရေစီအစစ်ဆိုတာ အားလုံးပူးပေါင်းပြီး တည်ဆဲဥပဒေနဲ့ အညီဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်။နိုင်ငံခြားသားတွေပါတဲ့ ကော်မရှင်ဖွဲ့တာကိုလည်း ကန့်ကွက်ခဲ့တယ်။ ဘာလို့ ဆိုတော့ ပြည်တွင်းရေးဖြစ်တဲ့အတွက် ပြည်တွင်းမှာရှိတဲ့ဒေသခံတွေရဲ့ အသံံကိုနားထောင်ရမယ်။ဒီလိုကော်မရှင်တွေဖွဲ့ပြီးဆောင်ရွက်တော့ ပြည်တွင်းအားထက် နိုင်ငံတကာရဲ့ အားတွေပိုပြင်းထန်လာတယ်။ဒါအားလုံးအသိပါ။ ဒါကြောင့် ဒီလို နိုင်ငံခြားရေး ဝန်ကြီးကလာပြီး စွက်ဖက်တာကိုတော့ စောင့်ကြည့်သင့်တယ်လို့ ပြောချင်ပါတယ်။” လို့ ကြံ့ခိုင်ရေးပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

 

စက်တင်ဘာ ၂၂ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးပါတီက သတင်းစာရှင်းလင်းပွဲ

 

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ရဲ့ ပြောစကားတွေက နိုင်ငံ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုတွေပါဝင်နေပြီးတော့ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေမှာ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရဘူးဆိုတာရှိပြီးတော့ အသုံးအနှုန်းတွေက ဝင်ရောက်စွက်ဖက်တဲ့ပုံစံဖြစ်နေတာကြောင့် စောင့်ကြည့်ဖို့လိုတယ်လို့ ရှင်းလင်းခဲ့တာပါ။

Share

Loading Next Article...
က္က