တောင်ဥက္ကလာပမှာ အခန်းပေါင်း ၆၆ ခန်းပါဝင်တဲံအဆောက်အဦး ၄ လုံးကို တည်ဆောက်ပေးမှာပါ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပုတ်ပြတ်လုပ်သားတွေ နေထိုင်ဖို့ ဝန်ထမ်းလိုင်းခန်းတွေကို လာမယ့် ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပေးသွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်ပါတယ်။

 

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး

 

စက်တင်ဘာ ၂၁ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းက စည်ပင်သာယာ ပန်းဥယျာဉ်ဌာနကလုပ်သားတွေနေထိုင်တဲ့ ဝန်ထမ်းလိုင်းခန်းတွေ ပျက်စီးနေလို့ ပြုပြင်တည်ဆောက်ပေးဖို့ အစီအစဉ် ရှိ၊မရှိ မေးမြန်းရာမှာ မြို့တော်ဝန်က အခုလို ဖြေကြားခဲ့တာပါ။

“ ရန်ကုန်စည်ပင်လုပ်သားတွေက အဓိကပန်းဥယျာဉ်မှမဟုတ်ဘူး။ လမ်းတံတားဌာန၊ ပန်းဥယျာဉ်ဌာနရယ်၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဌာန ရယ်ဟာ နေရာတကျ တစ်စုတစ်ဝေးတည်း ထားမှရတယ်။ ဒီစည်ပင် လုပ်သားတွေကို နိုင်ငံတော်က ပေးထားတဲ့ အခြေခံလစာ ၄၈၀၀ အပြင် ထောက်ပံ့ကြေးလည်း ပေးထားပါတယ်။ အဝတ်အစား စရိတ်ကအစ ပေးထားပါတယ်။ အဆင့်မြှင့်တင် တည်ဆောက်မှု အနေနဲ့ လာမယ့် ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာလည်း တောင်ဥက္ကလာပမြို့နယ် သုံးထပ် Steel structure အဆောက်အဦ ၄ လုံးကိုလည်း တည်ဆောက်ပေးဖို့ အစီအစဉ်ရှိပါတယ်။´´ဟု မြို့တော်ဝန်က ဖြေကြားခဲ့တာပါ။

 

ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ တောင်ဥက္ကလာပမြို့နယ်မှာ ၃ ထပ် steel structure အဆောက်အဦး ၄ လုံးကို တည်ဆောက်ပေးသွားမှာ အခန်းအကျယ်အဝန်းမှာ  ၁၂×၂၀ ပေရှိနိုင်ပြီး အခန်းပေါင်း ၆၆ ခန်း ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။

ပန်းဥယျာဉ်နှင့် အားကစားလုပ်သားများဌာနတွင် တစ်ဌာနတည်းတွင် ပုတ်ပြတ်လုပ်သားပေါင်း ၁၅၅၇ ဦးရှိပြီး အိမ်ရာဝန်းအနေနဲ့ တောင်ဥက္ကလာမှာ အဆောက်အဦး ၂၅ လုံး၊ မြောက်ဥက္ကလာတွင် ၂ လုံး၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ၁ လုံး၊ ကမာရွတ်မြို့နယ်တွင် ၁၅ လုံး၊ ဒဂုံမြို့နယ်တွင်၂ လုံး၊ မင်္ဂလာဒုံမြို့နယ်တွင် ၆ လုံး၊ သာကေတမြို့နယ်တွင် ၃၁ လုံး စုစုပေါင်း ၈၁ လုံး ရှိပြီး နှစ်တိုင်းပြုပြင်ထိန်းသိမ်းနေတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က