မာစတာပလန်ရေးဆွဲထားတယ်လို့သိရပါတယ်။

 ပန်းဆိုးတန်းဆိပ်ခံတံတားနဲ့ နန်းသီတာ ဆိပ်ခံတံတားတွေကို အဆင့်မီပြန်လည်တည်ဆောက်ဖို့အတွက် မာစတာပလန်ရေးဆွဲထားတယ်လို့ လျှပ်စစ်၊စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က လွှတ်တော်မှာပြောကြားလိုက်ပါတယ်။



ပန်းဆိုးတန်းဆိပ်ကမ်း

 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးမှာ ပြောကြားလိုက်တာဖြစ်ပြီးတော့ ဒလမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရွှေယင်က ရန်ကုန်-ဒလ-ပန်းဆိုးတန်း၊-ဒလ လူစီးကူူးတို့ယာဉ်ရေယာဉ် ဆိုက်တဲ့ ပန်းဆိုးတန်းဘက်က အသစ်ဆောက်ထားတဲ့ ခရီးသည်နားနေဆောင်န့ two way jetty ကို အများပြည်သူ အသုံးပြုခွင့်ပေး၊မပေးကို မေးမြန်းခဲ့ရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ နန်းသီတာနဲ့ ပန်းဆိုးတန်းက ဧရိယာပေါင်း ၉ ဧကလောကမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲရတဲံ မြေဧက ၄ ဧကနဲ့ ဆိပ်ကမ်းကစီမံတဲ့ ၅ ဧက ရှိပါတယ်။ဆိပ်ခံတံတားဧရီယာတွေကိုတော့ အများပြည်သူဧရိယာတွေနဲ့ ရှုခင်းတွေလုပ်သွားမယ်။ “ လို့သူကပြောပါတယ်။

ဒါကြောင့် အဲ့ဒီဆိပ်ခံတံတားတွေကို မာစတာပလန်အနေနဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားပြီးတော့ လက်ရှိပန်းဆိုးတန်းဘက်က ခရီးသည်တင်ဆောင်နဲ့ two way jetty က မူလကတည်းက နိုင်ငံခြားခရီးသည်တင်သဘောၤကြီးတွေအတွက် ရည်ရွယ်ဆောက်လုပ်ထားတာဖြစ်ပြီး အပျော်စီးရေယာဉ်တွေဆိုက်ကပ်ခွင့်ပြုပြီးတော့ အခွန်စည်းကြပ်ကောက်ခံနေတယ်လို့ သိရပါတယ်။

ပန်းဆိုးတန်း-ဒလ ကူးတု့ိဆိပ်နဲ့ ပါတ်သတ်ပြီးတော့ ပန်းဆိုးတန်းဆိပ်ခံတံတားကြီးကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ အကြီးစားပြုပြင်နေတာဖြစ်ပြီးတော့ နန်းသီတာဆိပ်ကမ်းကိုလည်း အဆင့်မီအဆောက်အဦးတွေ၊ innovation center နဲ့ အများပြည်သူနဲ့ ဆိုင်တဲ့ဧရိယာတွေဖြည့်သွင်းပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က