ပြည်တွင်းဘဏ်တွေကနေ သိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာ စံချိန်တင်ဈေးမြင့်တက်လာခဲ့တဲ့ ဒေါ်လာဈေးနှုန်းကစက်တင်ဘာလ ၂၄ ရက်နေ့မှာ တဖြည်းဖြည်းကျဆင်းလာပြီး ၁၅၇၀ ဝန်းကျင်ဈေးနှုန်းနဲ့ ကျဆင်းလာတယ်လို့ ပြည်တွင်းဘဏ်တွေကနေ သိရပါတယ်။

 

42507165_1953508698003848_2472043374392115200_n (1).jpg

စက်တင်ဘာ ၂၄ ရက်နေ့လယ်၁ နာရီခွဲဒေါ်လာငွေလဲနှုန်း

 

ပြည်တွင်းမှာ အဓိက ကုန်သွယ်မှုပြုလုပ်နေတဲ့ အမေရိကန်ဒေါ်လာဈေးနှုန်းက စက်တင်ဘာ ၂၁ ရက်နေ့မှာ အရောင်းဈေး ၁၆၃၅ ကျပ်၊ အဝယ်ဈေး ၁၆၁၈ ကျပ်နဲ့ အမြင့်ဆုံးဈေးအဖြစ်ရပ်တည်နေခဲ့တာဖြစ်ပြီးတော့ အဲ့ဒီရက်နောက်ပိုင်းဖြစ်တဲ့ စက်တင်ဘာ ၂၄ ၇က်နေ့မှာတော့ နာရီနဲ့ အမျှကျဆင်းလာတာဖြစ်ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီခွဲမှာ ဘဏ်တွေရဲ့ ငွေလဲကောင်တာတွေမှာ အမေရိကန်တစ်ဒေါ်လာကို အဝယ်ဈေး ၁၅၇၀ နဲ့ အရောင်းဈေး ၁၅၉၂ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်လာဈေးနှုန်းနဲ့ ပါတ်သတ်ပြီး ဗဟိုဘဏ်ကနေ သတ်မှတ်ငွေလဲနှုန်းအထက်အောက် သတ်မှတ်ချက်အတွင်းမှာပဲ ရောင်းချဖို့အတွက် သြဂုတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပြီးတဲ့နောက်မှာ ဒေါ်လာဈေးနှုန်းနဲ့ ရွှေဈေးနှုန်းက စံချိန်တင်မြင့်တက်ခဲ့တာပါ။

Share

Loading Next Article...
က္က