တရားခံပြေးတို့ကိုလက်ခံထားရင် ထောင်ဒဏ် ၇ နှစ်ခန့် ကျခံရမှာပါ။

ဘားအံအကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၂ ဦးအနက် အကျဉ်းသား ၁၈ ဦးလွတ်မြောက်နေဆဲဖြစ်တယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

 

ထွက်ပြေးလွတ်မြောက်နေတဲ့အကျဉ်းသား အချို့။

 

အချုပ်တရားခံ (၅) ဦးနဲ့ အကျဉ်းသား (၁၃) ဦးတို့ကို ဖမ်းဆီးဖို့ ကျန်ရှိနေပြီး အဆိုပါတရားခံပြေးတို့ကို လက်ခံထားရင်ရာဇသတ်ကြီးပုဒ်မ ၂၁၆ အရ ထောင်ဒဏ် ၇ နှစ်ခန့် ကျခံရမှာ ဖြစ်တယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဖမ်းဆီးဖို့ ကျန်ရှိနေတဲ့ တရားခံတွေကို တွေ့ရှိပါက နီးစပ်ရာ ရုံး၊ရဲစခန်းတွေကို ဆက်သွယ်အကြောင်း ကြားနိုင်တယ်လို့လည်း ရဲတပ်ဖွဲ့ က ကြေညာထားပါတယ်။

 

ထွက်ပြေးလွတ်မြောက်နေတဲ့အကျဉ်းသားအချို့။

 

စက်တင်ဘာ ၁၆ ရက်နေ့က ဘားအံအကျဉ်းထောင်ထဲကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၂ ဦးအနက် စက်တင်ဘာ ၂၂ ရက်အထိ အကျဉ်သား ၂၄ ဦးကို ပြန်လည်ဖမ်းဆီးမိထားတာပါ။

စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ထောင်ဝင်းအတွင်း သန့်ရှင်းရေး ပြုလုပ်ပြီး စုပုံထားတဲ့ အမှိုက်တွေကို သွားပစ်မယ့်ယာဉ်ရဲ့ ယာဉ်မောင်း အကျဉ်းသားဝန်ထမ်းကို အကျဉ်းသား ကျော်မိန်လက ထိုးကြိတ်ပြီး အကျဉ်းသား ၄၀ နဲ့အတူ ထောင်တံခါး ၄ ဆင့်ကို တိုက်ပြီးထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

ထောင်ဒဏ် နှစ် အကန့်အသတ် မရှိ ကျခံထားရသူ ကျော်မိန်လ (ခ) အရှောင်ကိုတော့ လိုက်လံဖမ်းဆီးမှုအတွင်းရဲ့ သေနတ်နဲ့ အသေပစ်ခတ်ဖမ်းဆီးမှုလုပ်ခဲ့တယ်လို့လည်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့က သိရပါတယ်။

ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၁ ယောက်မှာ ပြစ်ဒဏ်ကျ တရားခံ ၂၉ ဦး၊ အမှုစစ်ဆေးဆဲ အချုပ်တရားခံ ၁၂ ယောက် ပါဝင် ပါတယ်။

အကျဉ်းထောင်ကနေ ထွက်ပြေးတဲ့ အကျဉ်းသား ၄၂ ဦးကို ဘားအံမြို့နယ်ရဲတပ်ဖွဲ့က (ပ)၃၉/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၂၂၄/၁၁၄ဖြင့်လည်းကောင်း၊(ပ)၄၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၃(ပ)၄၁/၂၀၁၈ ၊၁၉၆၁ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူထားပါတယ်။

Share

Loading Next Article...
က္က