အလှူခံမှန်ပုံးကို အုတ်ခဲနဲ့ ထုခွဲပြီး အလှူငွေတွေ ခိုးယူသွားခဲ့တာဖြစ်ပါတယ်။

ကျိုက်ထီးရိုးဘုရားမှာ စက်တင်ဘာ ၂၅ ရက် ညသန်းခေါင်ယံကျော်အချိန်လောက်က ရွှေစင်ရွှေပြား အလှူခံပုံး အခိုးခံလိုက်ရတယ်လို့ ကျိုက်ထီးရိုးရင်ပြင်တော် ရဲစခန်းကနေစုံစမ်းသိရှိရပါတယ်။

 

ဖောက်ထွင်းခံရတဲ့ ရွှေစင်ရွှေပြားအလှူခံပုံး။

 

ဘုရားရင်ပြင်တော်ရှေ့က ရွှေစင်ရွှေပြား အလှူခံမှန်ပုံးကို အုတ်ခဲနဲ့ ထုခွဲပြီး အလှူငွေတွေကို ခိုးယူသွားခဲ့တာဖြစ်ပါတယ်။

 

 

ရင်ပြင်တော်ရှိ အလှူခံပုံးများ။

 

လတ်တလောရရှိထားတဲ့သတင်းတွေအရ အလှူခံပုံးအခွံကို ရိုးရိုးလေးဟော်တယ်ရဲ့ ကော်ဖီဘား ဖျော်စက်ခန်းမှာ ပြန်လည်တွေ့ရှိထားပြီး ခိုးယူသွားသူတွေကို ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

“ စခန်းကနေ ဝေလင်းဝေလင်းအချိန်လောက်မှာ သိရပါတယ်။ အခုတော့ စခန်းမှူး ဦးဆောင်ပြီးတော့ သွားရောက်စုံစမ်းနေပါတယ်။ လတ်တလောတော့ ဘာသတင်းမှ အတိအကျမရသေးပါဘူး။” လို့ ကျိုက်ထီးရိုးရင်ပြင်တော်ရဲစခန်းမှ တာဝန်ကျရဲတစ်ဦးက စက်တင်ဘာ ၂၅ ရက် မနက် ၁၁ နာရီခွဲခန့်က Duwun မီဒီယာကို ပြောပါတယ်။

 

ဖောက်ထွင်းခံရပြီးနောက် ရှာဖွေစဉ်။

 

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်တုန်းကလည်း မန္တလေးမြို့ မဟာမုနိဘုရားကြီးရှိ  ဘုရားဘဏ္ဍာ ပစ္စည်းတွေသိမ်းဆည်းတဲ့အခန်း ဖောက်ထွင်းခံရပြီး ရွှေဆိုင်းနဲ့ အလှူငွေတို ခိုးယူသွားခဲ့တဲ့ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်။

ဖောက်ထွင်းသူကို နေ့ချင်းဖမ်းဆီးရမိခဲ့ပြီး ငွေကျပ် ၃၆ သိန်းကျော်၊ နိုင်ငံခြားငွေ အချို့နဲ့ ရွှေဆိုင်း ၂၅ ဆိုင်းတို့ကို ခိုးယူခဲ့ပြီး ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်းလည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က