စစစ ခေါ်ယူစစ်ဆေးနေပါတယ်။

ဒေါ်လာဈေးကို ပုံမှန်ရောင်းဝယ်တာထက်ပိုပြီး တော့ လုပ်ဆောင်နေသူ တွေထဲက ၈ ယောက်လောက်လို ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ တဆင့် စုံစမ်းစစ်ဆေးရေးအတွက် တာဝန်ပေးထားတဲ့ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက Duwun ကိုပြောပါတယ်။



Photo - 4K Pic



ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက ဒေါ်လာဈေးနဲ့ ရွှေဈေးတွေဟာ စံချိန်တင်အမြင့်ဆုံးဈေးတွေနဲ့မြင့်တက်လာခဲ့ပြီးနောက် ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် ညွှန့်ကြားလာတာဖြစ်တယ်လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။



"ပြည်ထောင်စုအဆင့်က ညွှန့်ကြားတာတွေကြောင့် စုံစမ်းစစ်ဆေးနေပါတယ်။"လို့ သူကပြောပါတယ်။



အဲ့ဒီလို ညွှန့်ကြားချက်တွေအပြီး ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေစဉ်မှာပဲ တစ်ဒေါ်လာဈေးနှုန်း ၁၆၅၀ လောက်အထိ တက်ခဲ့တဲ့ ဒေါ်လာဈေးတွေဟာ စက်တင်ဘာ ၂၄ ရက်မှာဆိုရင် တစ်ဒေါ်လာကို ၁၆၀၀ လောက်အထိကျဆင်းခဲ့ပြီးတော့စက်တင်ဘာ ၂၅ ရက်နေ့မှာ ၁၅၉၂ ကျပ်အထိ ပြန်လည်ကျဆင်းနေတာဖြစ်ပါတယ်။



မြန်မာနိုင်ငံ၏ဒေါ်လာရောင်းဝယ်မှုကို ဗဟိုဘဏ်အညွှန်းကိန်းနဲ့ ရောင်းဝယ်မှုကို လွှတ်ချလိုက်ပြီးနောက်ပိုင်း ရွှေဘုံသာလမ်း (မဂိုလမ်း)တွင်ရှိသော ဒေါ်လာပွဲစားများက လောင်းကစားဆန်ဆန်ဒေါ်လာဈေးကစားမှုများကြောင့် ပြည်တွင်းငွေလဲဈေးကွက် စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။



လတ်တလော ခေါ်ယူစစ်ဆေးနေသူတွေကို နာမည်နဲ့ တကွထုတ်ပြန်ဦးမှာ မဟုတ်ပေမယ့် စစ်ဆေးမှုတွေပြပီးရင် ပြန်လွှတ်ပေးမယ်လို့ တာဝန်ရှိသူတွေကပြောဆိုပါတယ်။ ဒါပေမယ့် တကယ်တမ်း ကျူးလွန်မှုရှိသူတွေကို တော့ တရားစွဲတင်မယ့် အခြေအနေတွေလည်းရှိနေတယ်လို့ စုံစမ်းစစ်ဆေးနေတဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

Share

Loading Next Article...
က္က