ပြည်သူတွေလည်း ဖုန်းတွေ ဘာတွေနဲ့ အဝင်မခံပါဘူး။

ကျောက်ဆည်နည်းပညာတက္ကသိုလ် ကျောင်းသား မောင်နေမင်းထက် အသတ်ခံရမှုမှာ တရားရုံးခြံဝင်းထဲကို သတင်းသမားတွေနဲ့ပြည်သူတွေကို ဖုန်းတွေ ကင်မရာတွေနဲ့ ဝင်ခွင့်မပြုဘူးဆိုပြီး ကန့်သတ်ထားတယ်လို့ အဲ့ဒီနေရာကို ရောက်ရှိနေတဲ့ မန္တလေးက သတင်းထောက်တစ်ယောက်က Duwun ကို စက်တင်ဘာ ၂၅ ရက်နေ့က ပြောပါတယ်။



 

41622749_1249582878514670_8189491808623919104_n.jpg

Photo - Win Myint San

 

 

"မီဒီယာတွေကိုရော ပြည်သူတွေကိုရော ဖုန်းတွေထားခဲ့ဖို့ပြောပါတယ်။ ဆိုလိုတာက ပြီးခဲ့တဲ့ အပတ်က ကိစ္စတွေကြောင့် ခုလို ပွင့်လင်းမြင်သာမှုမရှိအောင် လုပ်တာလို့ ထင်တယ်။"လို့ မန္တလေးမြို့က သတင်းထောက်တစ်ယောက်က Duwun ကိုပြောပါတယ်။

ဒီအမှုမှာ ပြီးခဲ့စက်တင်ဘာလ(၁၃)ရက်နေ့က ပထမအကြိမ် တရားရုံးထုတ်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ အိမ်စီးကားနဲ့ ရုံးထုတ်ခဲ့တာကြောင့် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှုးနဲ့ သေဆုံးသူရဲ့ဆွေမျိုးမိဘ၊ ကျောင်းသားတွေ ကြားအချေအတင်ဖြစ်ခဲ့သေးတယ်။

 

Photo - Win Myint San

လူထုကြားမှာတော့ ခုလို အိမ်စီးကားအကောင်းစား နဲ့ ရုံးထုတ်လာတဲ့အပေါ်မကျေနပ်ချက်တွေခဲ့ပြီး နောက်ပိုင်းမှာလည်း ရုံးထုတ်လာခဲ့တဲ့ ကားဟာ လိုင်စင်မဲ့ကားဖြစ်နေတယ်လို့ စစ်ဆေးပေါ်ပေါက်တာကြောင့်ပြဿနာတွေ ဖြစ်ခဲ့ပါသေးတယ်။

ကျောက်ဆည် နည်းပညာတက္ကသိုလ်က တတိယနှစ် Mechanical ကျောင်းသား မောင်နေမင်းထက်ကို သြဂုတ်(၂၉) ရက် ညပိုင်းက လူ ၃ယောက်က ဖုန်းလုယက်ဖို့ကြိုးစားရင်း ရိုက်နက်ထိုးကြိတ်ပြီးဓါးနဲ့ ထိုးသတ်ခဲ့တာကြောင့် နေရာမှာ တင်သေဆုံးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က