မွန်ပြည်နယ် သထုံမြို့မှာ တစ်သောင်းတန်ငွေစက္ကူ အတု သိန်း ၁၂၀၀ ကျော်ဖိုး ဖမ်းဆီးမိခဲ့တယ်လို့ သထုံခရိုင်ရဲတပ်ဖွဲ့မှူးထံကနေ စုံစမ်းသိရပါတယ်။

 

ပိုက်ဆံအတုပြုလုပ်သူနှစ်ဦး။

 

သထုံမြို့နယ် လိပ်အင်းရပ်ကွက်ထဲက ဝါးတောလမ်းက  ပိုက်ဆံအတုလုပ်တဲ့ ဒေါ်ဌေးဌေးဆိုသူရဲ့ နေအိမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ တစ်သောင်းတန်ပိုက်ဆံ အစစ် ၃ ရွက်၊ အတုလုပ်ပြီးသားတစ်သောင်းတန် ငွေစက္ကူအတု ၁၂၅၄၅ရွက်၊ တစ်သောင်းတန် ငွေစက္ကူကို မိတ္တူတစ်ခြမ်းကူးထားတဲ့ A4 စာရွက် ၂၂၀ ရွက်၊ မိတ္တူ ၂ ဖက်ကူးထားတဲ့ A4 စာရွက် ၉ ရွက်နဲ့ အတူ ပိုက်ဆံအတုလုပ်ရာမှာသုံးတဲ့ပစ္စည်းတွေကိုပါ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

 

သက်သေခံပစ္စည်းများတွေ့ရစဉ်။

 

“ ငွေအတုလုပ်တဲ့ ကျား ၁ ယောက် မ ၁ ယောက်ကို ဖမ်းဆီးထားတယ်။ အရင်တုန်းကလည် ငွေစက္ကူအတုလုပ်တဲ့ အမှုတွေဖမ်းတယ်။အခုကတော့ ဖမ်းဆီးရမိတဲ့ ငွေပမာဏက တော်တော်များတယ်” လို့ သထုံခရိုင် ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး ကျော်ဝင်းက Duwun မီဒီယာကို ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့တရားခံ ၂ ဦး ကတော့ နေအိမ်ကို လာရောက်တည်းခိုတဲ့ ဇော်မင်းနိုင် ဆိုသူ နဲ့ အိမ်ရှင်ဒေါ်ဌေးဌေးဆိုသူတို့ ဖြစ်ပြီး ဇော်မင်းနိုင်ဟာ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက နေအိမ်ကိုရောက်ရှိလာတာဖြစ်ပြီး ပိုက်ဆံအတုပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

သက်သေခံပစ္စည်းများ တွေ့ရစဉ်။

 

သူတို့နဲ့ အတူ ပူးပေါင်းပါဝင်သူ အလံတရာကျေးရွာနေထိုင်တဲ့ ဘိုလေးဆိုသူလည်းရှိနေသေးပြီး ဆက်လက်ဖမ်းဆီးဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

လက်ရှိတော့ ပိုက်ဆံအတုပြုလုပ်သူ နှစ်ဦးကို သထုံမြို့နယ်ရဲစခန်း(ပ)၇၉၅/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သထုံမြို့နယ်ရဲတပ်ဖွဲ့က သိရပါတယ်။

Share

Loading Next Article...
က္က