ဒီနေ့ စက်တင်ဘာ ၂၅ ရက်မှာ ရန်ကုန်တိုင်းတရားလွှတ်တော်ကတရားစွဲခဲ့တာပါ။

အောင်ရဲထွေးသေဆုံးမှုမှာ ကျူးလွန်သူတွေဆီကနေ တံစိုးလက်ဆောင်ယူပြီး ပြန်လွှတ်ပေးခဲ့တဲ့ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ဥပဒေအရာရှိ ၆ ဦးတို့ကို စတင်တရားစွဲဆိုလိုက်ပြီလို့ သိရပါတယ်။



 

ဒီကနေ့ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ ရုံးထုတ်လာစဉ်။

 

ဒီကနေ့ စက်တင်ဘာ ၂၅ ရက်မှာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကနေ စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးကို ထောင်ဒဏ် အမြင့်ဆုံး ၁၅ နှစ်အထိ ချနိုင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ကျန်ငါးဦးတို့ကိုတော့ ထောင်ဒဏ်အမြင့်ဆုံး ၁၀ နှစ်အထိ ချနိုင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကနေ တရားစွဲအရေးယူခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရွှေပေါက္ကံနယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကို တို့ကို အရေးယူခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ ရုံးထုတ်လာစဉ်။

ဥပဒေချုပ် ဦးဟန်ထူးက သိန်း ၁၅၀ နှင့် Blue Label အရက်ပုလင်း ၁ လုံး၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်က သိန်း ၅၀၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးက သိန်း ၁၃၀ နဲ့ Gold Lable အရက်ပုလင်း ၁ လုံး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က သိန်း ၃၀ နဲ့ ပါတိတ်လုံချည်၊ ခရိုင်တရားသူကြီး ဦးအောင်ကြည်က သိန်း ၃၃၀၊ ရဲအုပ်ချစ်ကိုကိုက သိန်း ၃၀ ရယူခဲ့တယ်လို့သိရပါတယ်။

သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့တဲ့အမှုမှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ အမှုရုပ်သိမ်းလိုက်ပြီးနောက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ရာ လာဘ်ငွေနဲ့ တံစိုးလက်ဆောင်တွေရယူခဲ့တဲ့ဖြစ်စဉ် ပေါ်ပေါက်ခဲ့တာပါ။

ဒီကနေ့ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ ရုံးထုတ်လာစဉ်။

အောင်ရဲထွေး အသတ်ခံရတဲ့အမှုကို မူလကစစ်ဆေးခဲ့တဲ့ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တရားရုံးမှာ ပြန်လည်စစ်ဆေးဖို့ စက်တင်ဘာ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီးတိုင်းတရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ပါတယ်။

သရုပ်ဆောင်အောင်ရဲထွေးဟာ ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညက The One Entertainment Park မှာလူအုပ်စု တစ်စုရဲ့ ဝိုင်းဝန်းကန်ကျောက်ခြင်းကို ခံခဲ့ရပြီး ဦးခေါင်းက ဒဏ်ရာတွေကြောင့် ဇန်နဝါရီ ၂ ရက်နေ့မှာသေဆုံးခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က