အောက်တိုဘာ (၉) ရက်မှာ အမှုကို ပြန်လည်စစ်ဆေးမှာပါ။

သရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုမှာ လွတ်မြောက်နေတဲ့ သန်းထွဋ်အောင် (ခ) သားကြီးအပါအဝင် ၃ ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး လာမယ့် အောက်တိုဘာ (၉) ရက်မှာ အရှေ့ပိုင်းခရိုင်တရားရုံးမှာ ပြန်လည်စစ်ဆေးမယ်လို့ သိရပါတယ်။



 

 

စက်တင်ဘာ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကနေ အောင်ရဲထွေးသေဆုံးမှုကို မူလတရားရုံး အရှေ့ပိုင်းခရိုင်တရားရုံးမှာ ပြန်လည်စစ်ဆေးဖို့ အမိန့်ချမှတ်ခဲ့ပြီးတဲ့နောက် စက်တင်ဘာလ ၂၅ ရက်နေ့မှာ ကျူးလွန်သူ ၃ ဦးဖြစ်တဲ့ သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇော်ဟန် (ခ) ကျော်ဇော်တို့ကို ဖမ်းဝရမ်းထုတ်ဆင့်ထားတယ်လို့ သိရပါတယ်။

 

 

အောင်ရဲထွေးသေဆုံးမှုမှာ ဖမ်းဆီးထားတဲ့သူ ၃ ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့တဲ့နောက် ပြည်သူလူထုအကြား ဝေဖန်မှုတွေ မြင့်တတ်ခဲ့ပါတယ်။

ဒါကြောင့် ဒီအမှုကို ကုန်တိုင်းတရားလွှတ်တော်ကနေ စွဲချက်ပြန်တင်ပြီး အမှုကို ပြန်စစ်ဆေးဖို့ အမိန့်ချမှတ်ခဲ့ပြီး သေဆုံးမှုမှာ ပြန်လွှတ်ပေးခဲ့တဲ့ ရန်ကုန်တိုင်းဥပဒေချုပ် အပါအဝင် ခြောက်ဦးကိုလည်း ကျူးလွန်တဲ့သူတွေဆီကနေ တံစိုးလာဘ်ဆောင်တွေရယူခဲ့တယ်ဆိုပြီး တရားစွဲဆိုခဲ့ပါတယ်။

သရုပ်ဆောင်အောင်ရဲထွေးဟာ ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညက The One Entertainment Park မှာလူအုပ်စုတစ်စုရဲ့ ဝိုင်းဝန်းကန်ကျောက်ခြင်းကို ခံခဲ့ရပြီး ဦးခေါင်းက ဒဏ်ရာတွေကြောင့် ဇန်နဝါရီ ၂ ရက်နေ့မှာသေဆုံးခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က