ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာ စာအုပ်ပေါင်း တစ်သိန်းကျော်ရှိပြီးတော့ ရှားပါးစာအုပ်တွေပါဖတ်ရှုနိုင်ပါတယ်။

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ အများပြည်သူကို စာအုပ်ငှားနိုင်တဲ့စနစ်ကိုတော့ ၂၀၁၇ ခုနှစ် ဇွန်လလောက်ကတည်းက စတင်ငှားရမ်းခွင့်ပြုထားတာဖြစ်ပြီးတော့ လူသိနည်းသေးတာကြောင့် အခုရက်ပိုင်းအတွင်းမှာမှ မီဒီယာတွေကနေတစ်ဆင့်ပိုသိလာတာဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူးဖြစ်တဲ့ ဒေါ်လှိုင်လှိုင်ကြီး က Duwun ကိုပြောပါတယ်။



ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်အတွင်းမြင်ကွင်း

 

“အခုစာကြည့်တိုက်ကို စနေနေ့တစ်ရက်ဖွင့်လိုက်တဲ့အခါကျတော့မှ မီဒီယာတွေကလာရင်းနဲ့ ပိုသိလာတာပါ။စနေနေ့က ကျောင်းဖွင့်ရာသီတွေမှာ မနက်ကိုးနာရီခွဲကနေ နေ့လယ် တစ်နာရီအထိဖွင်ပါတယ်။စာကြည့်ုတိုက်မှာတော့  ရည်ညွှန်းစာအုပ်တွေနဲ့ ကျမ်းစာအုပ်တွေမဟုတ်တဲ့ စာအုပ်တွေကို ဘယ်သူမဆို လာငှားလို့ရတယ်။လာဖတ်လို့ရတယ် ” လို့ သူက ပြောပါတယ်။

ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာ စာအုပ်ပေါင်း တစ်သိန်းကျော်ရှိပြီးတော့ ရှားပါးစာအုပ်တွေ၊ ဘာသာရပ်ဆိုင်ရာစာအုပ်တွေအပြင် သုတေသနလုပ်လိုသူတွေနဲ့ စာတမ်းပြုစုလိုသူတွေအတွက် အဓိက အားထားရတဲ့ စာကြည့်တိုက်တစ်ခုလည်းဖြစ်ပါတယ်။

 

စာကြည့်တိုက်မှာ စာအုပ်ငှားရမ်းချင်တယ်ဆိုရင် ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံစာနဲ့ ဓါတ်ပုံတစ်ပုံလိုအပ်ပြီးတော့ မန်ဘာကတ်ပြုလုပ်ရမှာဖြစ်ပြီး စာအုပ်ငှားရမ်းခွင့်ရမှာဖြစ်ပါတယ်။

မြန်မာစာအုပ်နှစ်အုပ်ကို တစ်ပါတ်နဲ့ အင်္ဂလိပ်စာအုပ်နှစ်အုပ်ကိုတော့ အချိန်နှစ်ပါတ်နဲ့ ငှားရမ်းခွင့်ပြုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင်  စာကြည့်တိုက်မှာ အခမဲ့အင်တာနက်တပ်ဆင်ပေးထားတာဖြစ်ပြီးတော့ အွန်လိုင်းမှာတင်ထားတဲ့စာအုပ်တွေကိုလည်း ခွင့်ပြုချက်နဲ့ ဖတ်ရှုနိုင်တယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က