မင်္ဂလာတောင်ညွှန့်မြို့နယ် စံပြဈေး (အမဲဈေး) ရှေ့မှာဖြစ်ပွားခဲ့တာပါ။

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ စံပြဈေး (အမဲဈေး) ရှေ့မှာ စက်တင်ဘာ ၂၅ ရက် မနက် ၉ နာရီအချိန်လောက် လူမြင်ကွင်းရှေ့မှာ လူနှစ်ဦးကို ဓားခုတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီ အခုချိန်ထိ ကျူးလွန်သူ ၇ ဦးမှာ လက်ရှိအချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

42484861_332883267463143_1943351102325915648_n.jpg 

ဖြစ်စဉ်ကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ဒေါ်မိမိစိုးက ခင်ပွန်းဖြစ်သူ ဇော်မင်းထွန်း (ခ) ဇော်ကြီးနဲ့ အတူ ဟိုက်ဂျက်ယာဉ်နဲ့ စံပြအမဲဈေးကို ထွက်လာရာ မြယာကုန်းလမ်းနဲ့ ၁၂၃ လမ်းအထိ အရောက်မှာ အမျိုုးသား ၇ ဦး ကားပေါ်က ဆင်းလာပြီး ဒေါ်မိမိစိုးနဲ့ ခင်ပွန်းတို့ကို ဓားတွေနဲ့ ဝိုင်းခုတ်ခဲ့တယ်လို့သိရပါတယ်။

ဓားနဲ့ ခုတ်ခဲ့တဲ့ ဟူစိန်ဆိုသူ အပါအဝင် အမျိုးသား ၇ ဦးမှာ ဒေါ်မိမိစိုးတို့လင်မယားနဲ့ အရင်က စကားများဖူးသူတွေ ဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရသိရပါတယ်။

ဓားခုတ်ခံရမှုကြောင့် ဒေါ်မိမိစိုးနဲ့ ဇော်မင်းထွန်း (ခ) ဇော်ကြီးတို့ ၂ ဦးမှာ ခန္ဓာကိုယ်အနှံပြတ်ရှဒဏ်ရာတွေရ၇ရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကို တင်ပို့ထားတယ်လို့သိရပါတယ်။

လက်ရှိတော့ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက (ပ) ၅၀၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄(ထက်သောလက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/ အားပေးကူညီမှု)ဖြင့် ထက်သောလက်နက်နဲ့ ပြင်းထန်နာကျင်စေမှု၊ အားပေးကူညီမှု တို့နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က