တစ်ယောက်သေဆုံးသွားပါတယ်။

လှိုင်သာယာမြို့နယ်မှာ အမျိုးသားတစ်ဦးကို စက်တင်ဘာ ၂၆ ရက်နေ့က နေအိမ်ပေါ်မှာ သေနတ်နဲ့ အသေပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ လှိုင်သာယာ ရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။



42575660_1929485167360707_6720423267506585600_n.jpg

Photo - Tin Naing Tun

 

လှိုင်သာယာမြို့နယ်၊အပြင်ပဒံကျေးရွာမှာ စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်က အသက် ၅၆ နှစ်အရွယ် ဝါးကြီး(ခ) ခင်မောင်လွင်ကို အမျိုးသားတစ်ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာပါ။

လူသတ်ပြီး ပြန်လည်ထွက်ပြေးသွားတဲ့အဖွဲ့ကို ရဲတပ်ဖွဲ့ကပိတ်ဆို့ရှာဖွေခဲ့ပြီးတော့ ရန်ကုန်-တွံတေးကားလမ်းပေါ်မှာ မော်တော်ယာဉ်နဲ့ ကားပေါ်ပါ အမျိုးသားတစ်ဦးကို ဖမ်းဆီးရခဲ့ပြီးတော့ ကျန်သူတွေက ရေထဲခုန်ချထွက်ပြေးသွားတာကြောင့် ဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

"ကျန်တဲ့ ထွက်ပြေးသွားတဲ့သူတွေကို လိုက်ဖမ်းနေပါတယ်။ ဖြစ်စဉ်အသေးစိတ်ကတော့ တိတိကျကျ မစိရသေးပါဘူး။"လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတ်။

Photo - Tin Naing Tun

ဦးခေါင်းနောက်စေ့နဲ့ နားထင်မှာ ကျည်မှန်ဒဏ်ရာ တစ်ချက်စီနဲ့ သေဆုံးခဲ့တဲ့ ဝါးကြီး(ခ)ခင်မောင်လွင်ရဲ့ အလောင်းကို အင်းစိန်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ကနဦး မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ အကြွေး သိန်း ၃၅၀ ပြန်မပေးလို့ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဆိုပြီးတရားခံတွေကို ဖမ်းဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က