စစစ က စုံစမ်းစစ်ဆေးခဲ့တာပါ။

ဒေါ်လာငွေလဲလှယ်မှုမှာ ငွေကြေးဈေးကမောက်ကမဖြစ်အောင် ဈေးကစားသူ ၄ ယောက်ကို မြို့နယ် ၃ ခုမှာ အမှုဖွင့်ပြီး ဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေသိရပါတယ်။



ဒေါ်လာဈေးကစားသူ ၄ ယောက်ကို နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂၊ ၄၂ နဲ့ ပုဇွန်တောင်၊ ကျောက်တံတား နဲ့ ပန်းဘဲတန်းမြို့နယ် ၃ ခုမှာ အမှုဖွင့်လိုက်တာဖြစ်ပြီး စစစ ဌာနကနေတရားလိုပြုလုပ်ပြီး ရဲတပ်ဖွဲ့ကတဆင့်အမှုဖွင့်လိုက်တာဖြစ်တယ်လို့ စစစ ရဲ့ညွှန့်ကြားရေးမှူးဦးအောင်မျိုးက စက်တင်ဘာ ၂၉ ရက်နေ့မှာ Duwun ကိုပြောပါတယ်။

"သူတို့ကဈေးကစားကြတယ်။" လို့ စစစ ရဲ့ညွှန့်ကြားရေးမှူးဦးအောင်မျိုးကပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက ဒေါ်လာဈေးနဲ့ ရွှေဈေးတွေဟာ စံချိန်တင်အမြင့်ဆုံးဈေးတွေနဲ့မြင့်တက်လာခဲ့ပြီးနောက် ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်အပြီး ဖမ်းဆီးလိုက်တာဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်နေ့မှာ ပဲ အင်းစိန်ထောင်ကိုပို့ပြီး ရမန်ယူထားတယ်လို့ သိရပါတယ်။

ဒါဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးသော အရေးယူမှုဖြစ်တယ်လို့သိရပြီး ဆက်လက်စစ်ဆေးမှုတွေလည်းပြုလုပ်သွားဦးမှာဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံ၏ဒေါ်လာရောင်းဝယ်မှုကို ဗဟိုဘဏ်အညွှန်းကိန်းနဲ့ ရောင်းဝယ်မှုကို လွှတ်ချလိုက်ပြီးနောက်ပိုင်း ရွှေဘုံသာလမ်း (မဂိုလမ်း)တွင်ရှိသော ဒေါ်လာပွဲစားများက လောင်းကစားဆန်ဆန်ဒေါ်လာဈေးကစားမှုများကြောင့် ပြည်တွင်းငွေလဲဈေးကွက် စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

Share

Loading Next Article...
က္က