မြရိပ်ညိုဟိုတယ်မြေနေရာဟာ ဗဟန်းမြို့နယ်တွင်တည်ရှိပြီး တပ်မတော်ပိုင် မြေဖြစ်ကာ ၁၃ ဒသမ ၇၉၄ ဧက ကျယ်ဝန်းပါတယ်။

မြရိပ်ညိုဟိုတယ်ဟောင်းနေရာပေါ်မှာ ဇေကမ္ဘာကုမ္ပဏီလီမိတက်နဲ့ တရုတ်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ Yangon New World စီမံကိန်းဟာ စာချုပ်ပါသတ်မှတ်ချက်တွေကို မလိုက်နာတာကြောင့် တပ်မတော်ကနေ အဲ့ဒီစီမံကိန်းကို ပြန်ပြီး ရုပ်သိမ်းလိုက်ပါတယ်။



အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်တဲ့ ဇေကမ္ဘာက ၄၀ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီမှ ၆၀ ရာခိုင်နှုန်း ရင်းနှီးမတည်တဲ့ အဲ့ဒီစီမံကိန်းမှာ ဇေကမ္ဘာကုမ္ပဏီအနေနဲ့ (M.O.A) အရသာ ချုပ်ဆိုထားဆဲ ဖြစ်ပြီး B.O.T စာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသည့် ကာလအတွင်း စာချုပ်ပါ စည်းကမ်းများအပေါ်မလိုက်နာတာကြောင့် တပ်မြို့စည်ပင်က စီမံကိန်းမြေငှားရမ်းမှု ကိုရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

"မြရိပ်ညိုဟိုတယ်စီမံကိန်းဟာ M.O.A မှာပါတဲ့အတိုင်း B.O.T စာချုပ် ချုပ်ဆိုနိုင်မှုမရှိသေးဘူး၊ မြေအသုံးချခနဲ့ ကြားကာလမြေငှားရမ်းခတွေပေးသွင်းမှုမရှိတာကြောင့်လည်း နိုင်ငံတော်ဘဏ္ဍာရရှိမှု နစ်နာခဲ့ပါတယ်၊ MIC နဲ့မြေငှားရမ်းသူရဲ့ခွင့်ပြုချက်မရရှိဘဲ ရှေးဟောင်းလက်ရာစာရင်းဝင် အဆောက်အဦ (၂) လုံးနဲ့အခြားအဆောက်အဦ (၂) လုံးကို ဖြိုဖျက်ပြီး ရုံးနှင့် စီမံကိန်းအဆောက်အဦသစ်တွေဆောက်လုပ်တာ၊ ခွင့်ပြုထားတာမရှိ ဘဲနိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့သတင်းတွေကို ဖော်ပြခဲ့တာတွေဟာ M.O.A ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်ဆောင်ရွက်ခဲ့တာဖြစ်လို့ ဇေကမ္ဘာကုမ္ပဏီကို မြေငှားရမ်းမှုရပ်ဆိုင်းဆောင်ရွက်ဖို့ အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်"လို့ တပ်မတော်တာဝန်ရှိသူအရာရှိကြီးက မီဒီယာတွေကို အောက်တိုဘာ ၃ ရက်နေ့မှာပြောပါတယ်။

မြရိပ်ညိုဟိုတယ်မြေနေရာဟာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင်တည်ရှိပြီး တပ်မတော်ပိုင် မြေဖြစ်ကာ ၁၃ ဒသမ ၇၉၄ ဧက ကျယ်ဝန်းကြောင်း၊ B.O.T စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရန်အတွက် ယင်းအချိန်က နှစ်ချုပ်စာချုပ်ဖြင့် လုပ်ငန်းဆောင်ရွက်သည့် ဇေကမ္ဘာကုမ္ပဏီကိုဦးစားပေးစနစ်ဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် ကြိုတင်သဘော တူညီမှုမှတ်တမ်းလွှာ (M.O.A) လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ပါတယ်။

စာချုပ် သဘောတူညီချက်အတိုင်း မြေအသုံးချခ ကန်ဒေါ်လာ ၄၁ ဒသမ ၃၈၂ သန်း ကို (၂) နှစ်အတွင်း (၅) ကြိမ်ခွဲ၍ ပေးသွင်းရမည်ဖြစ်သော်လည်း သတ်မှတ်ကာလအတွင်း (၂) ကြိမ်အတွက် ကန်ဒေါ်လာ ၁၆ ဒသမ ၅၅၂ သန်းသာ ပေးသွင်းခဲ့ကြောင်း။ပေးသွင်း ရန်ကျန်ရှိနေသော (၃) ကြိမ်အတွက် ကန်ဒေါ်လာ ၂၄ ဒသမ ၈၂၉ သန်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် နောက်ဆုံးပေးသွင်းရမည်ဖြစ်သော်လည်း ယနေ့အထိ ပေးသွင်းမှုမရှိသောကြောင့် အကြိမ်ကြိမ်နှိုးဆော်သတိပေးခဲ့ရတယ်လို့ တပ်မတော်တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင်မြေပိုင်ရှင်သို့ ခွင့်ပြုချက်တစ်စုံတစ်ရာတင်ပြခွင့်ပြုခြင်းမရှိဘဲ အဆိုပါ မြေဧရိယာအတွင်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၁၉၉၆ ခုနှစ်၊ သတ်မှတ်ထားခဲ့သည့် ရှေးဟောင်းလက်ရာစာရင်းဝင် အဆောက်အဦ ၂ လုံးဖြစ်သော မြို့တော်ဝန်အိမ် House (C) နှင့် ဧည့်ရိပ်သာ House (D) တို့ကို ဖြိုဖျက်ခဲ့ကာ ၎င်းတို့သဘောအတိုင်း ရုံးနှင့် စီမံကိန်းအဆောက်အဦသစ်များဆောင်ရွက်ခဲ့တာကြောင့်ခုလို ပိတ်သိမ်းတာဖြစ်တယ်လို့ သူကပြောပါတယ်။

စီမံကိန်းမြေနေရာတွင် မြေတူးဖော်မှုများကြောင့် အများပြည်သူများအသုံးပြုနေ သည့် ကုက္ကိုင်းရေလှောင်ကန် ဆက်စပ်မြေနေရာများ ထိခိုက်နိုင်သဖြင့် စိုးရိမ်မှုများရှိနေပြီး ကန့်ကွက်မှုများရှိသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့လည်း စီမံကိန်း လုပ်ငန်းအား ခွင့်ပြုခြင်းမရှိရန်လည်း အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း အဆိုပါ တပ်မတော်အရာရှိကြီးကပြောပါတယ်။

Share

Loading Next Article...
က္က