ကိုယ်တိုင်အဖမ်းခံခဲ့တာပါ။

အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းက ထောင်ဆရာဝန်ဟောင်းတစ်ဦးဖြစ်သူ ဒေါက်တာထွန်းလွင်ကို ဆေးခန်းအတွင်းသို့ဝင်ရောက်၍ ဓါးနှင့် ထိုးသတ်ခဲ့သူသည် အင်းစိန်မြို့မရဲစန်းကို ကိုယ်တိုင်လာရောက်ပြီး အဖမ်းခံခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရပါတယ်။

Photo - Yangon Police



အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံလမ်းaဆးကုခန်းတွင်ဆေးဝါးကုသသည့် အလုပ်ကိုလုပ်ကိုင်နေသော ဒေါက်တာ ထွန်းလွင်၊(၇၁)နှစ်၊ ၏ဆေးခန်းထဲကိုဝင်ရောက်ပြီး ဝဲဘက်လည်ပင်းထိုးကို ဓါးနဲ့ထိုးသွင်းခဲ့တာကြောင့် အင်းစိန်ဆေးရုံအမျိုးသားခွဲစိတ်ဆောင်တွင် အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူခဲ့ရသည်။

ပြောပြချက်အရ ညနေ ၆ နာရီကျောက် အချိန်တွင် ဒေါက်တာ ထွန်းလွင် နှင့် အမျိုးသမီးတစ်ဦးတို့ ဆေးခန်းထဲရှိနေစဉ်မှာ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွပ်၊ သရက်ခြံ(၁) လမ်းနေ ဘိုဘို(ခ)လွင်ဘိုဘိုကျော်(၃၃)နှစ်ဆိုသူက ဆေးခန်းအတွင်းဝင်ရောက်ပြီး ဓားဖြင့်ထိုးကာထွက်ပြေးသွားခဲ့ပါတယ်။

ဒါကြောင့်အင်းစိန်မြို့မရဲစခန်း(ပ)၂၀၄၄/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးဆောင်ရွက်နေစဉ် အမှုမှ ဒဏ်ရာရရှိသူ ဒေါက်တာ ထွန်းလွင်သည် ရရှိသော ဒဏ်ရာများဖြင့် ည ၇နာရီကျော် အချိန်တွင်သေဆုံးသွားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ၃၀၂ သို့ပြောင်းလဲ စစ်ဆေးခဲ့ပြီး တရားခံဖမ်းဆီးရမိရေးအတွက် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လိုက်လံစုံစမ်းနေစဉ် ၂၁၂၅ အချိန်တွင် ပြစ်မှုကျူးလွန်သူ ဘိုဘို(ခ)လွင်ဘိုဘိုကျော် မှ အင်းစိန်မြို့မရဲစန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ဘိုဘို(ခ)လွင်ဘိုဘိုကျော် အားစစ်ဆေးခဲ့ရာ ၎င်းနှင့် သေဆုံးသူသည် ယခင်က စကားများရန် ဖြစ်သည့် ကိစ္စနှင့်ပတ်သက်၍ အမှုဖွင့် တရားစွဲဆိုသောကြောင့် ပြစ်မှုကျူးလွန်သူမှ ထောင်(၁)လကျခဲ့ဖူး

ပြီး ထိုရန်ငြိုးကြောင့် ယခုကဲ့သို့ သေဆုံးသူအား ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြာင်း စစ်ဆေးပေါ်ပေါက်ခဲ့ကာ ပြစ်မှုကျူးလွန်သူ ဘိုဘို(ခ) လွင်ဘိုဘိုကျော်အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Share

Loading Next Article...
က္က