မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ကိုမြင့်ကို တိုင်ကြားထားတာပါ။

မျက်မမြင် အမျိုးသမီးတစ်ဦးကို သားမယားပြုကျင့်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ကိုမြင့်ကို အောက်တိုဘာ ၈ ရက်နေ့ရက်စွဲနဲ့ အစိုးရဌာနတွေကိုတိုင်ကြားထားတယ်လို့ သိရပါတယ်။

 

43599327_751108615239485_8408738150939099136_n.jpg

Photo - မြန်မာနိုင်ငံမျက်မမြင်အသင်း

 

အဆိုပါ မျက်မမြင် အမျိုးသမီးရဲ့ ဦးလေး ဦးမာယုက တူမ မနာခါးရှီးကို မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ကိုမြင့်က အဓမ္မပြုကျင့်ခဲ့တဲ့ဆိုပြီး တိုင်ကြားစာကို အောက်တိုဘာ ၈ ရက်က  မြန်မာနိုင်ငံ မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ အမျိုးသားကေ်ာမတီကို ပေးပို့ခဲ့တာပါ။

တိုင်ကြားစာရဲ့ ဖော်ပြချက်ထဲမှာ  ၂၀၁၈ ခုနှစ် ဇန်နဝါရီလတုန်းက မျက်မမြင်အမျိုးသမီး မနာခါးရှီး အလုပ်လုပ်ကိုင်တဲ့ YUME EYE အနှိပ်ခန်းမှာ မနာခါးရှီးတစ်ဦးတည်းအိပ်ရမယ့် အခြေအနေမှာ ရှိနေစဉ် ဦးအောင်ကိုမြင့်က သူရဲ့ အိမ်မှာ လာအိပ်ရန်နဲ့ လာခေါ်မယ်လို့ ပြောဆိုကြောင်း၊ အနှိပ်ခန်းပိတ်ချိန်မှာ အခြားဝန်ထမ်းတွေ ပြန်သွားလု့ိ မနာခါးရှီးက ဦးအောင်ကိုမြင့်ကို စောင့်ဆိုင်းနေရာ ရောက်လာပြီး အနှိပ်ခန်းကုတင်ပေါ်မှာသားမယားပြုကျင့်ခဲ့ပြီး သူ့ရဲ့ နေအိမ်ကို ခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

Photo - မြန်မာနိုင်ငံမျက်မမြင်အသင်း

၂၀၁၈ ခုနှစ် ဧပြီလ ၇ ရက်နေ့ကလည်း မနာခါးရှီး စမ်းချောင်းမြို့နယ်က နေအိမ်တစ်အိမ်မှာ အနှိပ်ဝန်ဆောင်မှုပေးနေစဉ် ဦးအောင်ကိုမြင့်က တွေ့ချင်ကြောင်း ပြောဆိုပြီး ကားတစ်စီးစေလွှတ်ကာ လာခေါ်ပြီး တည်းခိုခန်းတစ်ခုကို ခေါ်ဆောင်သွားပြီး သားမယားထပ်မံ ပြုကျင့်ခဲ့တယ်လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

အဲဒီလို သားမယားပြုကျင့်ခဲ့မှုတွေကြောင့် မနာခါးရှီးမှာ ဓမ္မတာမလာတော့ဘဲ ဦးအောင်ကိုမြင့်ကို အသိပေးခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ တုန်းက ဦးအောင်ကိုမြင့်က YUME EYE အနှိပ်ခန်းမီးဖိုချောင်ပြင်ဆင်ဖို့ အလုပ်သမားခေါ်ခဲ့မယ်လို့ ပြောဆိုပြီး ရောက်လာချိန်မှာ အလုပ်သမားမပါဘဲ ဦးအောင်ကိုမြင့် တစ်ဦးတည်းလာပြီး မနာခါးရှီးကို ထပ်မံသားမယားပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဦးအောင်ကိုမြင့်က အသင့်ယူဆောင်လာတဲ့ ကေသီပန်းသွေးပုပ်ချဆေး (၁၀) ထုပ်ကို မနာခါးရှီးကို ပေးသောက်ခဲ့ကြောင်း၊ ဆေးသောက်ပြီးနောက် မနာခါးရှီးမှာ တစ်ကိုယ်လုံး ပျော့ခွေကာ နာကျင်တဲ့ ဝေဒနာကို ခံစားရပြီး၊ မစားနိုင်၊ မသောက်နိုင်၊မအိပ်နိုင်တဲ့ ဝေဒနာကို ခံစားခဲ့ရတာကြောင့် ဦးအောင်ကိုမြင့်ကို ပြောရာ သူကိုယ်တိုင် အလုံ၊ ကမာရွတ်၊ အာရှတော်ဝင် ဆေးခန်းတွေကိုပို့ဆောင်ပြသခဲ့ကြောင်း၊ အခုချိန်ထိ မသက်သာသေးဘဲ ဆေးမှတ်တမ်းတွေကိုလည်း ဦးအောင်ကိုမြင့်က သိမ်းဆည်းထားခဲ့တယ်လို့ သိရပါတယ်။

Photo - မြန်မာနိုင်ငံမျက်မမြင်အသင်း

အဲဒီနောက် မနာခါးရှီးက ဝေဒနာမခံစားနိုင်တော့တဲ့တွက် မိတ်ဆွေတွေကို အကူအညီတောင်းခဲ့ရာကနေ အဆိုပါ ဖြစ်စဉ်တွေကို သိရှိခဲ့ရတာဖြစ်တယ်လို့ ဦးလေးတော်စပ်သူ ဦးမာယုက တိုင်ကြားစာမှာဖော်ပြထားပါတယ်။

အလုပ်သမားတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်အမြတ်ထုတ်ခဲ့ခြင်း၊ ဓမ္မတာမလာတဲ့ အခြေအနေမှာဝေဒနာတွေ နာကျင်စေခဲ့ခြင်း၊ တရားဝင်အိမ်ထောင်ရှိရက်နဲ့ မနားခါးရှီးကို သားမယားပြုကျင့်ခဲ့တဲ့အတွက် လက်ရှိမှာ မနာခါးရှီးက စိတ်ပိုင်းဆိုင်ရာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

အဲဒီလို ပြုမှုကျင့်ကြံခဲ့တဲ့ဦးအောင်ကိုမြင့်ကို ဥပဒေကြောင်းအရ ဆက်လက်တိုင်ကြားနိုင်ဖု့ိ ကူညီဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံ မသန်စွမ်းသူများ၊ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ကို တိုင်ကြားစာပေးပို့ထားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က