ဖေ့စ်ဘုတ် Page က ထုတ်ပြန်လိုက်တာပါ။

Eleven သတင်းသမားသုံးယောက်ကိုတရားစွဲဆိုရတာဟာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူအများက အကြည်ညိုပျက်ပြီး အယုံအကြည်ကင်းမဲ့ကာ အစိုးရကို ပြစ်မှုကျူးလွန်လာအောင် လုပ်ခြင်းဖြစ်တာကြောင့် ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက သူ့ရဲ့ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာကနေ အောက်တိုဘာ ၁၁ ရက်နေ့ရက်စွဲ နဲ့ သတင်းထုတ်ပြန်ပါတယ်။



 

Photo - Phyo Min Thein Facebook Page

 

အဲ့ဒီအချက်တွေနဲ့ Eleven Media Group က အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ဦးနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့တာပါ။



အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ မှာဖော်ပြထားတဲ့ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးမှာ ပြည်သူ့ဘဏ္ဍာသုံးပြီး ကုမ္ပဏီထူထောင်ထားတယ်ဆိုပြီးရေးသားမှု၊ သက်တမ်း ၅ နှစ်ဘဲ ရှိတဲ့ အစိုးရတစ်ရပ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဆိုတဲ့ ရာထူးအောက်မှာ ပြည်သူ့ဘဏ္ဍာ ရှယ်ယာတွေကို မထားဘဲ ဦးမြင့်သောင်း ဆိုတဲ့ နာမည်အောက်မှာ ပြည်သူ့ရှယ်ယာတွေ ထားနေတာက လုပ်ထုံးလုပ်နည်းအရ လွဲမှားမှုတွေ ဖြစ်နေတယ်ဆိုတာရေးသားမှုတွေကြောင့် ခုလို စွဲဆိုတာဖြစ်တယ်လို့ Eleven သတင်းသမားတွေက ပြောဆိုထားပါတယ်။

Photo - Phyo Min Thein Facebook Page





အောက်တိုဘာ ၁၀ ရက်မှာတော့ ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခံရတဲ့ သတင်းသမားသုံးဦးဟာ တာမွေမြို့နယ်ရဲစခန်းမှာ ကိုယ်တိုင်သွားရောက် အစစ်ခံခဲ့ပြီးနောက် တာမွေမြို့နယ် တရားရုံးတွင် ရုံးချိန်းရမန် ရယူပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ထားပါတယ်။

ဆောင်းပါးထဲမှာ ပါဝင်ဖြေကြားထားကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေကတော့ သတင်းသမားတွေရေးသားတဲ့ ဆောင်းပါးဟာ အမှန်တရားတွေသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က