AD
AD
AD

မျက်မမြင်ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းတွေကို ငါးနှစ်စီမံကိန်းနဲ့ အမျိုးသားအဆင့်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောပါတယ်။ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ အထိအမျိုးသားအဆင့် ငါးနှစ်စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့မှာပြုလုပ်တဲ့ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားမှာပြောကြားလိုက်ပါတယ်။

 

play

“မြန်မာနိုင်ငံမှာ ပြည်သူလူထုမျက်စိကျန်းမာရေးစောင့်ရှောက်မှုပေးစွမ်းရမယ်လို့ ပြောထားတာကြောင့် မြန်မာနိုင်ငံမှာလည်း ၂၀၀၀ ခုနှစ်မှာ စတင်ကျင်းပခဲ့ပါတယ် ” လို့ ဦးနိုင်ငံလင်းကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကာကွယ်နိုင်တဲ့ မျက်စိရောဂါတွေထဲမှာမှ မျက်စိမမြင်တာကိုဖြစ်စေတဲ့ရောဂါတွေက အတွင်းတိမ်၊ရေတိမ်၊မျက်မှန်လိုတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ဆီးချို၊ သွေးတိုးကြောင့်ဖြစ်တဲ့ မျက်စိရောဂါတွေဖြစ်ပြီးတော့ အတွင်းတိမ်ရောဂါက မျက်စိရောဂါတွေအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းမှာရှိတယ်လို့ သိရပါတယ်။

နှစ်စဉ်အောက်တိုဘာလရဲ့ ဒုတိယကြာသပတေးနေ့ကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အဖြစ်သတ်မှတ်ပြီးတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံတွေပါဝင်ကျင်းပတာဖြစ်ပြီး ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ ဆောင်ပုဒ်မှာ Universal Eye Health : “Eye Care Everywhere” - ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD