လက်ရှိအချိန်ထိသတင်းသမားတွေအပေါ်တရားစွဲဆိုထားတဲ့အမှုပေါင်း ၂၈ မှုအထိရှိခဲ့ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ တရားရင်ဆိုင်နေရတဲ့ သတင်းသမား ၄၄ ဦးအထိ ရှိခဲ့ပြီလို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ (အသံ)က အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်လိုက်ပါတယ်။

 

 

အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိသတင်းသမားတွေအပေါ် တရားစွဲဆိုထားတဲ့အမှုပေါင်း ၂၈ မှုအထိ ရှိခဲ့ပြီး အစိုးရဝန်ထမ်းတွေက တရားစွဲဆိုထားတဲ့ အမှု (၁၇) မှု၊ တပ်မတော်က တရားစွဲဆိုထားတဲ့ အမှု (၃) မှုနဲ့ အခြားသူတွေက တရားစွဲဆိုထားတဲ့ အမှု (၈) မှု ပါဝင်နေတယ်လို့သိရပါတယ်။

သတင်းသမားတွေကို တရားစွဲဆိုရာမှာ ဆက်သွယ်ရေးဥပဒေနဲ့ အများဆုံးဖြစ်ပြီး မတရားအသင်းဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၀ နဲ့ ၅၀၅ (ခ)၊ သတင်းမီဒီယာဥပဒေ၊ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ၊ လေကြောင်းပျံသန်းမှု ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ တရားစွဲဆိုကြတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

 

လက်ရှိအစိုးရလက်ထက်မှာ ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ခြင်းအပေါ်  မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ က မီဒီယာတွေ ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းအတွင်းမှာပဲ  အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြတဲ့ဆောင်းပါးနဲ့ ပတ်သက်ပြီး အယ်ဒီတာချုပ် ကိုကျော်ဇော်လင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့ပါတယ်။

Share

Loading Next Article...
က္က