တစ်နိုင်ငံလုံးမှာ မျက်စိဆရာဝန်ပေါင်း ၃၅၀ ဦး ရှိပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၁ သိန်းခွဲမှာ မျက်စိဆရာဝန်၁ ဦးနှုန်းသာရှိတယ်လို့ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံံလင်းကပြောပါတယ်။



 

 

မြန်မာတစ်နိုင်ငံလုံးမှာ မျက်စိဆရာဝန်ပေါင်း ၃၅၀ ဦး ရှိတာကြောင့် အဆိုပါနှုန်းထားနဲ့ တွက်ချက်ကုသမှုခံယူနိုင်တာဖြစ်ပြီးတော့ ပဏာမမျက်စိကျန်းမာရေးစောင့်ရှောက်မှု ကို ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံနိုင်စေဖို့ ၊ကျောင်းတွေမှာ မျက်စိကျန်းမာရေးစောင့်ရှောက်မှုပေးတာ၊ သင်တန်းပို့ချတာတွေကို လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာမျက်စိရောဂါနဲ့ပါတ်သတ်ပြီးအတွင်းတိမ်၊ရေတိမ်၊အမြင်အာရုံလွှာကွာတာ၊ မျက်ကြည်လွှာဆိုင်ရာ ရောဂါတွေနဲ့ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့မျက်စိရောဂါတွေအဖြစ်များတယ်လို့ပြောပါတယ်။

  ရန်ကုန်မှာ ကုတင် ၁၅၀ ဆံံ့ မျက်စိအထူးကုဆေးရုံကြီးကို ၁၉၉၃ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီးတော့ ဝန်ထမ်း ၂၁၆ ဦးရှိတယ်လို့ ဆိုပါတယ်။

ဆေးရုံရဲ့ပြင်ပလူနာဌာနမှာမျက်စိလာရောက်ပြသသူ ၄၀၀ ခန့်ရှိပြီး မျက်ကြည်လွှာဆိုင်ရာဌာန၊ မြင်လွှာ နဲ့ မျက်စိနောက်ခန်းဆိုင်ရာ၊မျက်ခွံရည်လမ်းကြောင်းနဲ့မျက်လုံးအိမ်ပိုင်းဆိုင်ရာ၊မျက်စိအာရုံကြောဆိုင်ရာ၊ ရေတိမ်ရောဂါဆိုင်ရာ၊ ကလေးသူငယ်မျက်စိရောဂါ အထူးစမ်းသပ်ခန်းတွေကို ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

မျက်စိဆေးရုံမှာ တစ်ပါတ်ကို ၅ ရက် နဲ့ တစ်နေ့ကို လူနာ ၈၅ ဦးကနေ ၁၀၀ ဦးအထိခွဲစိတ်ကုသမှုလုပ်ပြီး အရေးပေါ်ခွဲစိတ်မှုပါလုပ်ပေးတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က