အောက်တိုဘာ ၂၁ ရက်ကနေ ၂၄ ရက်အထိ ကျင်းပမှာပါ။

ရေကျော် သီတင်းကျွတ် ပွဲဈေးကို အောက်တိုဘာ ၂၁ ရက်ကနေ ၂၄ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး လုံခြုံရေးအင်အားကို အရင်နှစ်တွေထက် တိုးမြှင့်မှာ ဖြစ်တယ်လို့  သိရပါတယ်။

 

yay kyaw.png 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်လူငယ်တွေက လုံခြုံရေးတာဝန်ယူမှာဖြစ်ပြီး CCTV ၇၇ လုံးကို လမ်းတွေအလိုက် တပ်ဆင်မှာဖြစ်ပြီး ဒရုန်းတွေလည်း အသုံးပြုသွားမှာဖြစ်တယ်လို့ ပုဇွန်တောင်မြို့နယ် အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောပါတယ်။

“''ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်ကို ၂ဝ၁၁ ခုနှစ်ကစပြီး ပြန်လည် ကျင်းပခဲ့တာ အခုဆိုရင် ရှစ်နှစ်ရှိပါပြီ။ ဒီနှစ်ဆို ၇၇ လုံး တပ်ထားမယ်။ လမ်းတွေအလိုက် တပ်ထားပါတယ်။ ပွဲတော်နေ့မှာ CCTV တွေကို အချက်အချာကျတဲ့ နေရာတွေမှာ ပြန်ပြောင်းတပ်ထားပါမယ်။ ရဲတပ်ဖွဲ့က တစ်မြို့နယ်ကို သုံးယောက်နှုန်းနဲ့ ပွဲတော် နေ့မှာ တာဝန်ချထားပေးပါမယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ကလည်း ညနေ ၄ နာရီ ကစပြီး ဗိုလ်ချုပ်လမ်းမကြီး ရေကျော်လမ်းကို ညပိုင်း ပွဲပြီးတဲ့အထိ လမ်း ပိတ်ထားတာကို တာဝန်ယူပါမယ်''ဟု အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောပါတယ်။

 

 

ပုဇွန်တောင်မြို့နယ် ၇ ရပ်ကွက်၊ ၉ ရပ်ကွက်၊ ၁၀ ရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ကျီတော်ရပ်ကွက်နဲ့ ဗိုလ်တထောင်မြို့နယ် ၁၀ ရပ်ကွက် စုစုပေါင်း ၅ ရပ်ကွက်တို့မှာ ကျင်းပမှာ ဖြစ်ပြီးတော့ ဈေးဆိုင်ခန်းပေါင် ၄၀၀ နီးပါးပါဝင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် အငြိမ့်အဖွဲ့တွေ၊ သီချင်းသီဆိုဖျော်ဖြေပွဲတွေနဲ့ ကာတွန်းပြပွဲတွေကိုလည်း ပွဲတော်ရက်အတွင်း ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။

ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်ကို ၂ဝ၁၁ ခုနှစ်ကစပြီး ပြန်လည် ကျင်းပခဲ့တာ အခုဆိုရင် ၈ နှစ်အထိ ရှိခဲ့ပြီလို့ သိရပါတယ်။

 

Share

Loading Next Article...
က္က