အရင်နှစ်တွေကနဲ့ ယှဉ်ရင် ၁၀ ရာခိုင်နှုန်း လောက်လျော့နည်းသွားပါတယ်။

ချောင်းသာကမ်းခြေကို ခရီးသွားလာရောက်မှုက အရင်နှစ်တွေကနဲ့ ယှဉ်ရင် ၁၀ ရာခိုင်နှုန်း လောက်လျော့နည်းသွားတယ်လို့ ချောင်းသာဟိုတယ်ဇုန်ရဲ့ ဥက္ကဌဖြစ်သူ ဦး ကျော်ခိုင်က အောက်တိုဘာ ၁၂ ရက်နေ့မှာပြုလုပ်တဲ့ချောင်းသာဇုန်ဖျော်ဖြေပွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။



 

 

ချောင်းသာက မြန်မာနိုင်ငံမှာရှိတဲ့ဟိုတယ်ဇုန် ၁၉ ဇုန်ထဲမှာပါဝင်တာဖြစ်ပြီးတော့ အရင်နှစ်က ပြည်ပ၊ပြည်တွင်းခရီးသွား ၃ သိန်းလောက်ချောင်းသာကိုလည်ပတ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁၀ ရာခိုင်နှုန်းလောက်လျော့နည်းသွားတယ်လို့ ဟိုတယ်ဇုန်တွေက ပြောပါတယ်။

ပြည်တွင်းမှာလည်ပတ်စရာနေရာများလာတာနည်းတူ အခြားသော ပြည်တွင်းလည်ပတ်စရာတွေကိုပါ များလာတဲ့အပြင် စီးပွားရေးကျပ်တည်းမှုတွေကြောင့်လို့ ဆိုပါတယ်။

“ အခုကလည်စရာတွေလည်းများတယ်။နောက်ပြီးတော့ ရပ်ရွာအခြေပြုခရီးသွားတွေကလည်းတိုးလာတော့ ဧည့်သည်ကျသွားတာပါ။ အရမ်းကြီးလည်းမဟုတ်ပါဘူး။အရင်ကထက် ၁၀ ရာခိုင်နှုန်းလောက်ပါပဲ “ လို့သူကပြောပါတယ်။ ချောင်းသာကမ်းခြေမှာ အစိုးရတရားဝင်ခွင့်ပြုထားတဲ့ ဟိုတယ်အလုံးပေါင်း ၂၆ လုံးရှိပြီးတော့ တိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုမိန့်အရ ဟိုတယ်၊တည်းခိုခန်း ၄၀ လုံးနဲ့ လိုင်စင်မရသေးတဲ့ ဟိုတယ်၊တည်းခိုတန်းပေါင်းကလည်း အလုံး ၄၀ လောက်ဖွင့်ထားတယ်လို့ ဟိုတယ်ဇုန်က တာဝန်ရှိသူတွေကပြောပါတယ်။

 

 

ချောင်းသာကမ်းခြေမှာ မီးရရှိဖို့အတွက်လည်း ဟိုတယ်ဇုန်က မျှော်လင့်နေကြပြီးတော့ မီးရရှိတယ်ဆိုရင် ဟိုတယ်တွေအဓိကကုန်ကျနေတဲ့ ဆီဈေးကိုလျော့ချနိုင်မှာကြောင့် ဈေးလျော့ပေးလု့ိရတယ်လို့လည်း သူတို့ကပြောပါတယ်။

ချောင်းသာဟိုတယ်ဇုန်က မြန်မာနိုင်ငံရဲ့ ဟိုတယ်ဇုန် ၁၉ ဇုန်ထဲမှာပါဝင်နေတာဖြစ်ပြီး ပြည်တွင်းခရီးသွားအများဆုံးလာတဲ့ ကမ်းခြေတစ်ခုလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က