ငွေကျပ် သိန်း ငါးဆယ်ကျော် လိမ်လည်ခဲ့တာပါ။

လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ ခင်ရာကနေ စုမဲငွေ ထည့်ဖို့ ပြောဆိုပြီး ငွေလိမ်လည်ခဲ့သူကို အရေးယူထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

 

ဖြစ်စဉ်ကတော့ ရန်ကုန်တိုင်းသာကေတမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ဌေးလုလုဇံ ဆိုသူက လူမှုကွန်ရက်မှာ Theintthazin Oo Facebook Account သုံးစွဲသူ မသိမ့်သဇင်ဦးဆိုသူနဲ့ အွန်လိုင်းပေါ်မှာ ခင်မင်ရင်းနှီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အဲဒီနောက် မသိမ့်သဇင်ဦးကနေ သူက အွန်လိုင်းပေါ်မှာ စုမဲငွေတွေကို ရောင်းဝယ်လုပ်ကိုင်ကြောင်း၊စုမဲတွေဝယ်ယူရင် အကျိုးအမြတ်တွေရှိတယ်လို့ ပြောဆိုခဲ့ပြီး ဒေါ်ဌေးလှလှဇံက  စုမဲတွေဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

မသိမ့်သဇင်ဦးက သူရဲ့ မောင်ဖြစ်သူ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ နေမျိုးဝေရဲ့ ဧရာဝတီဘဏ်အကောင့်ပေးပြီး နေမျိုးဝေနဲ့ ဒေါ်ဌေးလှလှဇံတို့ကို ငွေလွှဲပြောင်းလက်ခံကိစ္စတွေ  ဆက်လက်လုပ်ကိုင်စေခဲ့တယ်လို့ သိရပါတယ်။

ဒေါ်ဌေးလှလှဇံက နေမျိုးဝေရဲ့ Mobile Banking အကောင့်ထဲကို၂၀၁၈  ခုနှစ် ဇူလိုင် ၂၃ ရက်ကနေ စက်တင်ဘာ ၂၄ ရက်အထိ  ငွေကျပ် (၅,၅၂၅,၀၀၀) ကို လွှဲပြောင်းပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ စုံစမ်းချက်အရ သိရပါတယ်။

အဲဒီနောက် အောက်တိုဘာ ၁၀ ရက်နေ့မှာ နေမျိုးဝေကို ဆက်သွယ်လို့မရတော့ဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာကြောင့် တိုင်တန်းခဲ့ပြီး နေမျိုးဝေကို သာကေတမြို့မရဲစခန်း(ပ)၇၅၀/၂၀၁၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဂ) နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က