စိုးရိမ်ရတဲ့အခြေအနေလို့ ဆိုပါတယ်။

ဘိုကလေးမြို့နယ် လမုကျေးရွာချောင်းဝမှာ ငါးဖမ်းပိုက်ဖြုတ်သိမ်းနေတဲ့ ထွန်းဝင်းဆိုသူကို မိကျောင်းတစ်ကောက်ကိုက်တာကြောင့် ဖျာပုံပြည့်သူ့ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။



43771668_2678351862190411_8994145234220744704_n.jpg 

မိချောင်းက အလျား ၅ ပေခန့်ရှိပြီးတော့ ငါးဖမ်းပိုက်ဖြတ်စဉ်မှာ ဝဲဘက်ခြေသလုံးကို ကိုက်တာကြောင့် ဝဲဒူးဆစ်အောက်ပိုင်းပါ ပြတ်ထွက်သွားတယ်လို့ ထုတ်ပြန်ပါတယ်။

အဲ့ဒီဒဏ်ရာက စိုးရိမ်ရတာကြောင့် အောက်တိုဘာ ၁၂ ရက်နေ့မှာ ဘိုကလေးမြို့နယ်ဆေးရုံကနေ ကုတင် ၁၀၀ ဆေးရုံကိို ပြောင်းလဲ ကုသနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဘိုကလေးမြို့နယ်မှာ ပင်လယ်ကမ်းခြေနီးစပ်တာ၊ ရေချိုရေငန်ပေါတာကြောင့်မိကျောင်းရှင်သန်ကျက်စားတာတွေများတယ်လို့ သိရပါတယ်။

 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က