ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲက ကျားရုံဟောင်းကို တပ်ခဲ့တာပါ။

ရန်ကုန်တိရစ္တာန်ဥယျာဉ်အတွင်းက နှစ်၁၀၀ သက်တမ်းရှိတဲ့ကျားရုံဟောင်းကို ဒီနေ့အောက်တိုဘာ ၁၄ ရက်မှာ အပြာရောင်ကမ္ဗည်းပြားတပ်ဆင်လိုက်ပြီ ဖြစ်ပါတယ်။

 

၁၉၁၀ခုနှစ်တုန်းက သတ္တမမြောက် အက်ဒဝပ်ဘုရင် ကွယ်လွန်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့သူဌေးသူကြွယ်တွေက ရုပ်တုတည်ဆောက်ခဲ့ပြီး လက်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကျားရုံတစ်ခု ဆောက်လုပ်ပြီး နဖူးစီးမှာ King Edward VII 1915 Carnivora House ဆိုပြီး ရေးထိုးခဲ့တာဖြစ်ပါတယ်။



အဆိုပါ ကျားရုံမှာ ကျားတွေကို ခေတ်အဆက်ဆက်ပြသခဲ့ပြီးနောက် အခုတော့ ကျားဖြူကြီးတွေကို ထည့်သွင်းပြသထားထားလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မူလလက်ရာအတိုင်း ကျန်ရှိှိသည့်ကျားရုံုံဟောင်း (Carnivora House) ကို အပြာရောင် ကမ္ဗည်းပြားတပ်ဆင်ခဲ့တာပါ။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ကွယ်လွန်သူဝိတိုရိယဘုရင်မကြီးအား ရည်စူးပြီး ဝေလမင်းသားနှင့်ကြင်ယာတော် တို့က ဝိတိုရိယပန်းခြံနှင့် တိရစ္ဆာန်ဥယျာဉ်အ ဖြစ် ၁၉၀၆ ခုနှစ်မှာ တရားဝင် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှမှာ သက်တမ်းရင့်ဆုံး တိရစ္ဆာန်ရုံတစ်ခုလည်းဖြစ်ပါတယ်။ ကျားရုံဟောင်းတွင် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်စွမ်းအင် ဝန်ကြီးဦးဟန်ထွန်းနဲပ ဌာနဆိုင်ရာတာဝန်ရှိသူတွေ တတ်ရောက်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က