၁၀၀၀ ကျော်က အောက်တိုဘာ ၁၅ ရက်နေ့မှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

မြန်မာနိုင်ငံမှာကျင်းပတဲ့ နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ မှာ မျက်မမြင်တွေနဲ့ အမြင်အာရုံချို့ယွင်းသူတွေ ၁၀၀၀ ကျော်က အောက်တိုဘာ ၁၅ ရက်နေ့မှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။



 

မြန်မာနိုင်ငံမှာရှိတဲ့ မျက်မမြင်ကျောင်းတွေကပါဝင်တာဖြစ်ပြီးတော့ စည်ပင်သာယာရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီးတော့ မနက် ၆ နာရီမှာစတင်လမ်းလျှောက်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်က မနှစ်ကလည်း လာလျှောက်ပါတယ်။အရင်နှစ်တွေက ဒုတိယနဲ့ တတိယရဖူးပါတယ်။ ဒီနှစ်ကတော့ ပထမရတာပါ။” လို့ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းကပါ ဝင်လမ်းလျှောက်ခဲ့တဲ့ မောင်ကျော်ဌေးက Duwun ကို ပြောပါတယ်။

 

ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ ဘုန်းကြီးလမ်းစံပြအထိလမ်းလျှောက်ပါဝင်ခဲ့ကြတာဖြစ်ပြီးတော့ လမ်းလျှောက်သူတွေကို မုန့်တွေနဲ့ အအေးတွေဝေခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒီတစ်ကြိမ်က ၂၇ ကြိမ်မြောက်အဖြစ်ကျင်းပတာဖြစ်ပြီးတော့ ပထမဆုံးပန်းဝင်နိုင်ခဲ့သူတွေကို ဆုပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်တာက အမြင်အာရုံမသန်စွမ်းသူတွေအတွက် စိတ်ဓါတ်ခွန်အားပေးတဲ့အနေနဲ့ ကျင်းပတဲ့အခမ်းအနားလည်းဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က