ပစ်ခတ်သူ နိုက်ပိုက်ထွေးဆိုသူရဲ့ ကားထဲမှာ မူးယစ်ဆေးပြား ၂၀၀၀၀ ကို တွေ့ရှိခဲ့တယ်

မော်လမြိုင်မြို့မှာ ယာဉ်ထိန်းရဲနဲ့ အရပ်သားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်သူ နိုက်ပိုက်ထွေးဆိုသူရဲ့ ကားထဲမှာ မူးယစ်ဆေးပြား ၂၀၀၀၀ ကို တွေ့ရှိခဲ့တယ်လို့ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက မြိုင်သာယာနယ်မြေရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။



44140254_160277828248153_2824863130893418496_n.jpg 

နိုက်ပိုက်ထွေးက အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက် သူနဲ့ အတူပါလာတဲ့ အမျိုးသမီးနဲ့ ကားကိုစစ်ဆေးခဲ့ရာ မူးယစ်ဆေးပြားတွေကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ မြိုင်သာယာရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက Duwun ကို ပြောပါတယ်။ “ တရားခံကိုတော့ မဖမ်းမိသေးပါဘူး။ မူးယစ်ဆေးကတော့ ကားကိုသိမ်းလာပြီး ရဲစခန်းရောက်မှ စစ်ဆေးတွေ့ရှိခဲ့တာပါ။ အတူပါလာတဲ့ အမျိုးသမီးကိုတော့ မူးယစ်ဆေးမှုနဲ့ အမှုဖွင့်ထားပါတယ်” လို့ မြိုင်သာယာရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

 

 အောက်တိုဘာ ၁၄ ရက်က ဈေးကြိုမီးပွိုင့်မှာ လိုင်စင်မဲ့ယာဉ်တစ်စီးကို ယာဉ်ထိန်းရဲက တားဆီးစစ်ဆေးရာ မရပ်တန့်ဘဲမောင်းပြေးခဲ့တာကြောင့် ယာဉ်ထိန်းရဲက ဆိုင်ကယ်နဲ့ အနောက်က လိုက်ခဲ့ပြီး မြိုင်သာယာရပ်ကွက် စစ်မောင်လမ်းနဲ့ သမိန်ဗရမ်းလမ်းထောင့်အရောက်မှာ ပိတ်ဆို့တားဆီးခဲ့ပါတယ်။

 အဲဒီနောက် လိုင်စင်မဲ့ယာဉ်မောင်းနှင်သူ နိုက်ပိုက်ထွေးကနေ ယာဉ်ထိန်းရဲ မောင်းလာတဲ့ ဆိုင်ကယ်နဲ့ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ခဲ့ပြီး သေနတ်နဲ့ ငါးချက် ပစ်ခတ်ခဲ့ရာ ယာဉ်ထိန်းရဲနဲ့ အရပ်သားတို့ သေနတ်ထိမှန်သွားခဲ့တယ်လို့ မြိုင်သာယာရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။ လက်ရှိအချိန်ထိတော့ ယာဉ်တိုက်မှုကျူးလွန်ပြီး သေနတ်နဲ့ ပစ်ခတ်သွားသူ နိုက်ပိုက်ထွေးကိုု ပုဒ်မ ၃၃၃၊ ပုဒ်မ ၃၀၇၊ မူးယစ်ပုဒ်မ ၁၉ (က) / ၂၁ နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က