မလေးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတစ်ခုအတွင်းမှာ မြန်မာနိုင်ငံသား ၃ ယောက် အသက်သေဆုံးခဲ့တယ်လို့ မလေးရှားကင်မရွန်းတောင်းတန်းဒေသ အာဏာပိုင်တွေကပြောဆိုချက်ကို ကိုးကားပြီးနိုင်ငံ တကာသတင်းတွေကဖော်ပြပါတယ်။



 

Photo: Facebook/Fire & Rescue Department of Malaysia





သေဆုံးသူ မြန်မာနိုင်ငံသား ၃ ယောက်ဟာ လယ်အလုပ်သမားတွေဖြစ်ကြီးပြီး ညပိုင်းက တဲထဲမှာအိပ်နေချိန်မှာ တောင်ပေါ်က မြေပြိုကျပြီး သေဆုံးခဲ့တာဖြစ်တယ်လို့  မလေးရှားကင်မရွန်းတောင်းတန်းဒေသ ဒုတိယရဲချုပ် အရှာဟီ အဘူ စမက်ရှ် က CNN ကိုပြောဆိုထားပါတယ်။



မြေပြိုမှုဟာ ၁၄ ရက်နေ့ မနက် ၃ နာရီလောက်မှာ သတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုးများပြီး တောင်ပြိုမှုပါ တချိန်တည်းဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူ မြန်မာ ၃ဦးကတော့ Naing Via အသက် ၂၃ နှစ်၊ Mu Aye Aye အသက် ၃၄ နှစ် နဲ့ Aung Thong အသက် ၂၃ နှစ်လို့ ဖော်ပြထားပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေကို ရဲက အကြောင်းကြားလို့ မနက် ၁၀ နာရီ ၄၀ မိနစ်မှာ ရောက်လာပေမယ့် မြန်မာအလုပ်သမား နှစ်ဦးကို မိတ်ဆွေတွေက မြေသားအောက်က ဆွဲထုတ်ထားပြီး သေဆုံးနေခဲ့ကြပြီ ဖြစ်ပါတယ်။ တစ်ဦးကိုတော့ ဆက်လက် ရှာဖွေခဲ့ကြပါတယ်။

 

Share

Loading Next Article...
က္က