လေယာဉ်မှုးနှစ်ဦးနဲ့ ကလေးတစ်ဦးသေဆုံးသွားပါတယ်။

မင်းဘူးမှာ စစ်သုံးလေယာဉ်နှစ်စင်းပျက်ကျတာကြောင့် လေယာဉ်မှုးနှစ်ဦးနဲ့ အနီးအနားမှာ စာကျက်နေတဲ့ ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ မင်းဘူး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က Duwun ကိုပြောပါတယ်။

 

 

“မြို့ထိပ်မှာတစ်စီးပျက်ကျတယ်။မြို့ထဲမှာပျက်ကျတဲ့လေယာဉ်ကြောင့် ကျောင်းတက်နေတဲ့ အသက် ၁၀ နှစ်အရွယ်ကလေးကို သွားထိပြီးတော့ အဲ့ဒီကလေးက သေဆုံံးသွားပါတယ်။ နောက်တစ်စီးက မင်းဘူမြို့နယ်ထဲက သနပ်ပင်စုကျေးရွာထဲမှာ ငရုတ်ခင်းထဲမှာ တစ်စီးပျက်ကျပါတယ်။ လေယာဉ်မှုးနှစ်ဦးလုံးကသေဆုံးသွားပါတယ်။ ရာသီဥတုမကောင်းလို့ကွင်းရှာရင်းငြိပြီးပျက်ကျတယ်လို့ ကြားပါတယ်။” လို့ ဦးကျော်စွမ်းရည်က ပြောပါတယ်။

 

 

လက်ရှိမှာတော့ လေယာဉ်ပျက်ကျတဲ့ အပိုင်းအစတွေနဲ့ လက်နက်တွေကို လေတပ်က လာရောက်သိမ်းဆည်းနေပြီးတော့ ကျည်ဆန် အပိုင်းအစတွေကိုလည်း သိမ်းဆည်းနေတယ်လို့ ပြောပါတယ်။

ရွာအနီးအနားက စာလုပ်နေတဲ့ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး အခြားအထိအခိုက်ပျက်စီးတာမျိုးမတွေ့ရသေးဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သေဆုံးသူ ကလေးငယ်အိမ်ကို သွားနေတယ်လို့ လည်းပြောပါတယ်။

 

လေယာဉ်ပျက်ကျတာက ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ဝင်တိုက်သွားပြီးတော့ အနီးအနားမှာရှိတဲ့ရွာတွေကို ကွင်းရှောင်ရင်းနဲ့ပျက်ကျတယ်ဆိုပြီတော့လည်း လူမှုကွန်ယက်မှာ ရေးသားထားကြပါတယ်။

Share

Loading Next Article...
က္က