အောက်တိုဘာ ၁၆ ရက်နေ့ (ယနေ့) မနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့တဲ့ စစ်လေယာဉ်နှစ်စင်းပျက်ကျမှုမှာ လေယာဉ်မှုးနှစ်ဦးသေဆုံးခဲ့တာအပြင် လေယာဉ်အစိတ်အပိုင်းထိမှန်မှုကြောင့်သေဆုံးခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် မသွယ်ဇင်ငြိမ်းကို ဒီနေ့ညနေ လေးနာရီမှာ မကွေးက မီးသဂြိုလ်စက်မှာ သဂြိုလ်မယ်လို့ မင်းဘူး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က Duwun ကိုပြောပါတယ်။

 

44205194_549077832202776_3177248593186652160_n.jpg

Photo - Aung Myo Naing

 

“မင်းဘူးအမှတ် ၁ မီးသဂြိုလ်စက်မှာပါ။ လွှတ်တော်ကိုယ်စားလှယ်ဘက်က အစိုးရဘက်ကပေးတဲ့ ထောက်ပံ့စရိတ်အတိုင်းရအောင်လုပ်ဆောင်မှာပါ။သူ့သတ်မှတ်ထားတဲ့ထောက်ပံ့ကြေးကတော့အစိုးရဘက်ကပေးမှာပါ။သူတို့ လေတပ်ဘက်ကလည်း ဘယ်လိုထောက်ပံံ့မလဲတော့မပြောတက်သေးဘူးပေါ့နော်။ လူမှုဖူလုံရေးကလည်း ထောက်ပံ့မှာပါ။ဝန်ကြီးချုပ်ကလည်းလာကြည့်ပြီးသွားပါပြီ။ လောလောဆယ်က တိုင်းမှုးလည်းလာနေတယ်ပြောတယ်” လို့ ပြောပါတယ်။

မင်းဘူးမှာ စစ်သုံးလေယာဉ်နှစ်စင်းပျက်ကျတာကြောင့် လေယာဉ်မှုးနှစ်ဦးနဲ့ အနီးအနားမှာ စာကျက်နေတဲ့ ကလေးတစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ စာကျက်ရင်းသေဆုံးခဲ့သူမသွယ်ဇင်ငြိမ်းက မင်းဘူးမြို့ ၊အမှတ် (၁) အောင်မြေရပ်ကွက်၊၉ လမ်းမှာနေထိုင်တာဖြစ်ပြီးတော့ ပဉ္စမတန်းတက်ရောက်နေတာဖြစ်ပါတယ်။ လေယာဉ်ပျက်ကျတဲ့ အပိုင်းအစတွေနဲ့ လက်နက်တွေကို လေတပ်က လာရောက်သိမ်းဆည်းနေပြီးတော့ ကျည်ဆန် အပိုင်းအစတွေကိုလည်း သိမ်းဆည်းနေတယ်လို့ ပြောပါတယ်။

ဒီနေ့မနက်မှာဖြစ်ပွားခဲ့တဲ့ အဲ့ဒီစစ်ဘက်လေယာဉ်ပျက်ကျမှုကျမှုကြောင့် လေယာဉ်မောင်းနှင်သူနှစ်ဦးလုံးသေဆုံးခဲ့တာဖြစ်ပြီးတော့လေယာဉ်ဆီကနေ ကျည်ဆန်တွေနဲ့ လက်နက်တွေပါ တွေ့ရှိတာဖြစ်ပြီး ဆက်သွယ်ရေးတာဝါတိုင်ကိုလည်း ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က