ရန်ကုန်လူငယ်ကွန်ရက်က ပေးပို့လိုက်တာပါ။

ဖုယွင် အလုပ်သမားသပိတ်မှာ သပိတ်မှောက်အလုပ်သမားလူငယ်တွေ အကြမ်းဖက်ခံနေရမှုကြောင့် လူငယ်တွေ ထိခိုက်နစ်နာမှုမရှိစေရေး အမြန်ဆုံးဆောင်ရွက်ပေးဖို့  ရန်ကုန်တိုင်း လူငယ်ရေးရေးကော်မတီ ဥက္ကဌ တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို ရန်ကုန်လူငယ်ကွန်ရက်က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

 

44038424_184623842415146_6244054305674887168_n.jpg

အောက်တိုဘာ ၁၆ ရက်က ပေးပို့တောင်းဆိုခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီအနေနဲ့ အမျိုးသမီးငယ်အများစုပါဝင်တဲ့  ဖုယွင်အလုပ်သမားသပိတ်ရဲ့ အရေးကိစ္စကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုက်တွန်းတောင်းဆိုခဲ့တာပါ။

 ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဖုယွင်အထည်ချုပ်စက်ရုံမှာ ဆန္ဒပြနေခဲ့တဲ့ အလုပ်သမားတွေကို အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက လူရမ်းကားတွေက တုတ်၊ဓား လက်နက်တွေနဲ့ အကြမ်းဖက်ခဲ့ပြီး အမျိုးသမီးငယ်အများစုအပါအဝင် အလုပ်သမား ၃၀ လောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကာ အချို့ကတော့ အသက်အန္တရယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

ဒီလုပ်ရပ်က ဆိုးရွားတဲ့ ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းစွာ သပိတ်မှောက်တောင်းဆိုနေတဲ့ အလုပ်သမားလူငယ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ ကာယအိနြေ္ဒကို ထိခိုက်စေနိုင်တယ်လို့ ရန်ကုန်လူငယ်ကွန်ရက်ရဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

ဖုယွင်အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃၀ ခန့်ကို အကြောင်းပြချက်မဲ့ အလုပ်ထုတ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး အဆိုပါ စက်ရုံက အမျိုးသမီးငယ်အများစုပါဝင်တဲ့ အလုပ်သမား ၂၀၀ ကျော်မှ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသည်မှာ နှစ်လနီးပါးရှိနေပြီလည်းဖြစ်ပါတယ်။

ဒီဆန္ဒပြမှုအတွင်း အကြမ်းဖက်ခံရမှုမှာ အလုပ်သမားတွေ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က